တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်အုပ်စုက နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်နေတာကြောင့် လက်ကျန်မိုးကုတ်ဒေသခံတွေဟာ စစ်ရှောင်ဖို့ ပြင်ဆင်နေကြပါပြီ။ မိုးကုတ်ကို TNLA သိမ်းပြီးနောက် ပြန်ဝင်လာတဲ့သူတွေရှိပေမဲ့ အခုအားလုံးနီးပါး ပြန်ထွက်ဖို့ ပြင်နေကြတယ်။ ငွေရေးကြေးရေး သိပ်မတက်နိုင်တဲ့သူတွေပဲ ကျန်နေခဲ့မှာပါ။ အရင်ကတော့ မိုးကုတ်မြို့မှာပဲ တောင့်ခံနေထိုင်ခဲ့ကြပေမဲ့ စစ်ရေးအရ အရေးပါတဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းပေါ်က ဖော့တောလမ်းဆုံကို စစ်အုပ်စုသိမ်းပိုက်ပြီးနောက် လေကြောင်းအန္တရာယ်က ပိုဆိုးရွားလာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လထဲမှာပဲ တိုက်ပွဲဖြစ်နေတာ မရှိတဲ့ မိုးကုတ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး ဒေသခံ သုံးဆယ်ထက်မနည်း သေဆုံးခဲ့တယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်သူ များလာတာကြောင့် မိုးကုတ်-မန္တလေး ကားခလည်း လူတစ်ဦးကို ငွေကျပ် ငါးသိန်းအထိ ပေးလာရတယ်။ ထိုခရီးဟာအရင်ကဆို ဆိုင်ကယ်ဆီဖိုး ၅၀၀၀ကျပ်လောက်နဲ့ ရောက်တဲ့ခရီးပါ။ အခုတော့ မန္တလေးကိုရောက်ဖို့အတွက် ဧရာဝတီမြစ်ကို နှစ်ခါကူးပြီးသွားနေရတယ်။ စစ်ဘေးသင့်ဒေသတွေမှာ ခရီးစားရိတ်တွေလဲ မကြားဖူးတဲ့အခြေအနေတွေရောက်နေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


