စစ်ကိုင်းတိုင်းဘက်ကိုသွားမဲ့ ကုန်တင်ကားတွေ မန္တလေးက စွယ်တော်ကားကွင်းမှာ စစ်ဆေးခံရဖို့ တစ်ပတ်ခန့် အကြာ တန်းစီနေရပါတယ်။ ထိုကုန်ကားတွေဟာ စစ်ကိုင်းဘက်ကိုကုန်စည်စီးဆင်းမှုပိတ်ပင်လိုက်တဲ့ ဇူလိုင်လအလယ်လောက်ကစပြီး မန္တလေးမြို့၊ စွယ်တော်ကားကြီးကွင်းမှာ ယာဉ်စစ်ဆေးခံရတာဖြစ်တယ်။ တန်းမစီဘဲ အလှည့်ကျော်မယ်ဆိုရင် ကျပ်နှစ်သောင်းကနေ တစ်သိန်းခွဲအထိ စစ်ဆေးရေးအဖွဲ့ကို ပေးနေရတယ်။ ကုန်တင်ယာဉ်တွေ စစ်ဆေးခံရဖို့အတွက် ကုန်ကားမောင်းသူတွေဟာ နေပူပူမှာ တန်းစီရတာ၊ ကားအဝင်များပြီး အထွက်နည်းတဲ့အတွက် ကားကွင်းထဲမှာ ကားတွေ ပြည့်ကြပ်နေတာ၊ ကားပေါ်မှာပဲ ဖြစ်သလို နေထိုင်စားသောက်ရတာကြောင့် ကျန်းမာရေးပိုင်းမှာ ထိခိုက်လာသလို ငွေပိုကုန်လာတာကြောင့် အခက်အခဲတွေ ဖြစ်လာတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းကို ဖြတ်လေးဖြတ်လုပ်ဆောင်နေတဲ့ စစ်အုပ်စု သတ်မှတ်ပေးထားတဲ့ ကုန်ကိုပဲ သယ်ယူရတာဖြစ်ပြီး ကန့်သတ်ကုန် သယ်ဆောင်မယ်ဆိုရင် စစ်အုပ်စုလက်အောက်ခံ တိုင်းအစိုးရထောက်ခံစာနဲ့ သယ်ယူရတာဖြစ်တယ်။ ကုန်စျေးနှုန်းတွေတက်လာတာဟာ စစ်အုပ်စုအခုလိုအစစ်အဆေးအတားအဆီးတွေ လုပ်နေလို့ပဲဖြစ်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


