ကာလအတော်ကြာအမြင့်စျေးမှာ တည်ငြိမ်နေတဲ့ကုန်စျေးနှုန်းတွေဟာ ဒီလထဲမှာ ထပ်တက်လာနေတယ်။ကုန်စျေးနှုန်းတွေတက်လာပြီဆိုရင် သိသာပါတယ်။လက်ဖက်ရည်တစ်ခွက်၊မုန့်ဟင်းခါးတပွဲစျေးကအစ ကျပ်နှစ်ရာ၊သုံးရာတက်သွားတယ်။တချို့စားသောက်ကုန်တွေဆို ငါးရာ၊တစ်ထောင်တက်ကုန်တယ်။
အရင်ကဆိုဒေါ်လာစျေးတက်ရင် ကုန်စျေးနှုန်းတွေလိုက်တက်တတ်တယ်။အခုဒေါ်လာစျေးကမတက်တဲ့အပြင် ကျနေသေးတယ်။မနှစ်က ဒီလိုအချိန်မှာဒေါ်လာစျေးက တစ်ဒေါ်လာကျပ်ခြောက်ထောင်ကျော်အထိ ဖြစ်သွားသေးတယ်။အခုဆို၄၅၀၀ခန့်ကနေ ၄၃၀၀ခန့်အထိကျလာနေတာပါ။စစ်ကော်မရှင်ကလဲ ဒေါ်လာတွေဆက်တိုက်ထုတ်ရောင်းနေတာလဲ ပါမှာပေါ့။မြန်မာပြည်ရဲ့ မူမမှန်တဲ့စီးပွားရေးကြောင့် ဒေါ်လာစျေးကျနေပေမယ့်လဲ ကုန်စျေးနှုန်းတွေတက်နေတာပါ။ကုန်စျေးနှုန်းတက်နေပေမယ့်လဲ အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေကတော့ ထုံးစံအတိုင်းတိုးမလာပါဘူး။အခုလိုအခြေအနေမှာ အောက်ခြေလူတန်းစားတွေ ဘယ်လိုရှင်သန်ရုန်းကန်နေလဲဆိုတာ စဥ်းစားလို့တောင်မရပါဘူး။


