နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုက ထိုအထွေထွေထိုးစစ်ဟာ NUGလက်အောက်ခံတပ်တွေ သီးသန့်လုပ်ဆောင်လို့မရပဲ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကပါ ပူးပေါင်းပါဝင်ကြမှသာစစ်ကော်မရှင်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။အခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်မယ်ဆိုရင်လဲ စစ်ရေးအရ မပူးပေါင်းခင်နိုင်ငံရေးအရကြိုတင်သဘောတူညီချက်တွေ မဖြစ်မနေရှိထားဖို့ လိုအပ်ပါတယ်။အခုချိန်ထိတော့ ထိုအရာကိုမတွေ့ရသေးပါဘူး။စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမတိုင်မှီ တော်လှန်ရေးအင်အားစုတွေကြား ဘုံသဘောတူညီချက်တစ်ခုရရှိဖို့ကြိုးစားနေတယ်လို့တော့ သိထားတယ်။ အခြားအဖွဲ့တွေ အချိန်ကိုက်ပါဝင်မှုမရှိပဲNUGတစ်ဦးထဲ သီးသန့်စစ်ကော်မရှင်ကို တိုက်မယ်ဆိုရင်တော့ အလွန်ဆုံးတစ်လလောက်နဲ့ အဖျားရှူးသွားပါလိမ့်မယ်။အချိန်ကတော့ သိပ်မကျန်တော့ပါဘူး။လုပ်ဆောင်သင့်တာတွေကို အချိန်မှီလုပ်ဆောင်နိုင်ဖို့ပဲ မျှော်လင့်မိတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


