ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ကိုသတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မှီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင်က ဖျက်သိမ်းလိုက်ပါတယ်။ထိုပါတီဟာတနိုင်ငံလုံးမှာဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီအနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။NDFပါတီအပြင်အခြားပါတီနှစ်ခုလဲ ဖျက်သိမ်းခြင်းခံလိုက်ရတယ်။
NDFပါတီဟာ ၂၀၁၀ရွေးကောက်ပွဲကာလကတည်းက NLDပါတီကခွဲထွက်ပြီး ထူထောင်ထားတဲ့ပါတီဖြစ်တယ်။အစပိုင်းမှာတော့ ဒီမိုကရေစီပါတီတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာတော့စစ်တပ်နဲ့ ပူးပေါင်းသွားခဲ့တယ်။ဒါပေမယ့်နောက်ဆုံးမှာတော့စစ်ကော်မရှင်ဟာ သူတို့အတွက်အတိုက်အခံပါတီဖြစ်လာနိုင်မယ့် ပါတီတစ်ခုကို ရှင်းလင်းလိုက်တဲ့သဘောပါပဲ။စစ်တပ်နဲ့ပူးပေါင်းနေပေမယ့်လဲ ဒီမိုကရေစီအမည်ခံရင် ဘယ်အဖွဲ့အစည်းမှရပ်တည်လို့မရအောင် စောစောစီးစီးရှင်းလင်းထားတာပါပဲ။
ပြည်သူတွေအတွက်တော့ လွမ်းစရာမရှိပါဘူး။NDFပါတီခေါင်းဆောင်တွေဟာ အာဏာမသိမ်းခင်ကတည်းက ပြည်သူကိုသစ္စာဖောက်ပြီးစစ်တပ်နဲ့ ပူးပေါင်းကာအာဏာသိမ်းဖို့တောင်းဆိုခဲ့ ပါတီတစ်ခုပါ။လက်ရှိမှာလဲNLDကိုသစ္စာဖောက်သွားတဲ့ ပါတီဝင်တစ်ချို့ ထိုပါတီမှာခေါင်းဆောင်ဖြစ်နေတယ်။အခုတော့စစ်တပ်နဲ့ ပေါင်းပြီးအရိုးအရင်းကိုက်ဖို့ကြံနေတဲ့ NDFပါတီလဲဇာတ်သိမ်းသွားပါပြီ။


