အာရှလမ်းမကြီးကို ပြန်လည်လက်လွတ်ရတာဟာ ကရင်ပြည်နယ်ကတော်လှန်ရေးတပ်ဖွဲ့တွေအတွက် များစွာနစ်နာပါတယ်။ကော့ကရိတ်မြို့ကနေ မြဝတီမြို့မထိထိုဒေသတကြောလုံးကို ၁၀၂၇စစ်ဆင်ရေးကာလနဲ့အပြိုင်အသက်သွေးချွေးနဲ့ အချိန်များစွာရင်းနှီးပြီးတိုက်ယူခဲ့ရတာပါ။အခုတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ခြေကုတ်ယူထားတဲ့ဒေသတစ်ခုလုံးနီးပါးကို အလွယ်တကူပြန်လည် လက်လွတ်လိုက်ရတယ်။ကရင်ပြည်နယ်ထဲကတော်လှန်ရေးကို အရှိုက်ထိစေခဲ့တယ်။
အခုချိန်မှာတော့ စစ်ကောင်မရှင်တပ်တွေဟာ နယ်မြေထိန်းချုပ်ရေးကို လုပ်ဆောင်နေတယ်။ပြီးရင်တော့ဒေသတွင်းက အခြားနေရာတွေကိုပါ ဆက်လက်ထိုးစစ်ဆင်လာတော့မှာပါ။ဒီတိုင်းဆိုရင် မကြာသေးမှီကသိမ်းပိုက်ထားတဲ့ ထိုင်းနယ်စပ်ကဥကရစ်ထစခန်းလို့ နေရာမျိုးတွေကိုပါ KNUအနေနဲ့ပြန်လည် လက်လွတ်ရနိုင်ပါတယ်။


