စစ်ကောင်မရှင်နဲ့ TNLAတို့တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံတဲ့ဆွေးနွေးပွဲကတော့ အဖြေမထွက်ပဲပြီးဆုံးသွားပါပြီ။စိတ်ဝင်စားဖို့ကောင်းတာက ထိုဆွေးနွေးပွဲမှာ TLNAကကျောက်မဲနဲ့သီပေါမြို့တွေကို စစ်ကော်မရှင်ကို ပြန်ပေးပြီးအပစ်ရပ်ဖို့ လိုက်လျောခဲ့တယ်လို့သိရတယ်။ဒါကိုစစ်ကော်မရှင်က လက်မခံပဲ TLNAသိမ်းပိုက်ထားတဲ့မြို့တွေအားလုံးနီးပါး ပြန်ပေးဖို့တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲပျက်သွားခဲ့တယ်။ရှမ်းမြောက်မှာTLNAက မြို့ပေါင်း၁၂မြို့ခန့် သိမ်းယူထားပြီးထိုမြို့တွေထဲကမှ ၁၀မြို့ကို စစ်ကောင်မရှင်က သေနတ်တချက်မှမဖောက်ရပဲ အလကားပြန်လိုချင်တယ်ဆိုတော့ အတော်ကိုတရားလွန်တာပဲ။
ဆွေးနွေးပွဲပျက်သွားတဲ့အတွက် စစ်ကော်မရှင်ဟာ TLNAထိန်းချုပ်ထားတဲ့ရှမ်းမြောက်က မြို့တွေကို ပိုပြီးအကြမ်းဖက်ဗုံးကြဲဦးမှာပါ။အခုတောင် ကျောက်မဲမြို့က မြို့ခံတွေစစ်ရှောင်ကုန်ကြပါပြီ။


