စစ်ကော်မရှင်ဟာရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ၂၈ရက်နေ့မှာ ပြုလုပ်မယ်လို့ကြေညာလိုက်ပါတယ်။ဒါပေမယ့်အပိုင်းတွေခွဲပြီး ပြုလုပ်မှာဖြစ်ပြီး ပထမပိုင်းအဖြစ်တနိုင်ငံလုံးကမြို့နယ်၁၀၂မြို့မှာသာ စတင်ပြုလုပ်မှာပါ။ကျန်တဲ့မြို့နယ်တွေမှာ ကျင်းပမယ့်ရက်ကို ထပ်မံကြေညာပေးမယ်လို့ဆိုတယ်။ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်တာဟာ ဒီနိုင်ငံမှာဒါပထမဆုံးပါပဲ။စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကိုတကယ်ပဲ မဖြစ်ဖြစ်အောင်လုပ်တော့မှာပါ။ဒါဟာတော်လှန်ရေးအင်အားစုတွေအတွက် အချက်ပေးခေါင်းလောင်းသံပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


