ကရင်နီပြည်နယ်မှာ ဒီမောဆိုမြို့နယ်ကိုလဲ စစ်တပ်ကပြန်လည်သိမ်းပိုက်သွားပါပြီ။စစ်တပ်ဟာမိုးဗြဲမြို့ကိုရရှိပြီးနောက် ဒီမော့ဆိုဘက်ကိုဆက်တိုက်ဆိုသလို အင်အားသုံးပြီးဆက်လက်ချီတက်လာခဲ့ရာ တစ်လကျော်အကြာမှာပဲ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။အဓိကပြသနာကတော့ မိုးဗြဲမှာရော ဒီမော့ဆိုမှာပါနယ်မြေခံစစ်တပ်တပ်ရင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးမသိမ်းနိုင်တာပါပဲ။ထိုတပ်ရင်းတွေရှိနေသေးတာကြောင့် စစ်တပ်ဟာရှေ့ဆက်တိုးဖို့လွယ်ကူနေတယ်။ဆက်လက်ပြီးလဲ ဒီမော့ဆိုတောင်ဘက်ကဖရူဆိုမြို့ကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်။ကရင်နီတော်လှန်ရေးအဖွဲ့တွေ အကောင်းဆုံးခုခံနေပေမယ့် အခြေအနေတော့ သိပ်မကောင်းပါဘူး။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...