စစ်အုပ်စုဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ထားတာအဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်။အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံလမ်းကြောင်းတွေဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို မဖြစ်မနေဖြတ်သန်းလာရတယ်။ဒါ့ကြောင့် ထိုလမ်းကြောင်းတွေကနေတော်လှန်ရေးအင်အားစုတွေရနေတဲ့ အခွန်ငွေတွေကိုစစ်အုပ်စုက ဖြတ်တောက်ချင်တာပါ။
နောက်တစ်ချက်ကတော့ ထိုလမ်းကြောင်းတွေကိုပိတ်လိုက်တာကြောင့် သွင်းကုန်အတွက်ဒေါ်လာငွေ လိုအပ်မှုလျော့ကျသွားတယ်။ဒေါ်လာတွေပြင်ပမထွက်သွားအောင် စစ်အုပ်စုက ထပ်မံတင်းကြပ်လိုက်တာပါ။လက်ရှိပြည်တွင်းကစျေးကွက်စီးပွားရေးအခြေအနေအရ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အမြဲတမ်းပိတ်ထားဖို့တော့ မဖြစ်နိုင်ပါဘူး။ဒါပေမယ့်အချိန်ဘယ်လောက်ကြာအောင် ပိတ်ထားမလဲတော့မသိဘူး။