နိုင်ငံကူးလက်မှတ်PJ အမျိုးအစားကိုင်ထားသူများကို အခြားမည့်သည့်အမျိုးအစားကို မဆိုကူးပြောင်းကိုင်ဆောင်ခွင့် ပိတ်ပင်လိုက်ပါတယ်။PJအမျိုးအစားဟာ ပြည်ပသွားရောက် မယ့် အလုပ်သမားတွေအတွက် ထုတ်ပေးထားတာဖြစ်တယ်။အခုပြည်ပကို အလုပ်သမားတွေထွက်ခွာခွင့်ပိတ်ထားတော့ PJပတ်စပို့ကိုင်ထားသူတွေက PEခေါ်ကျောင်းသားပတ်စပို့ပြောင်းလဲပြီး ပြည်ပထွက်နေကြလို့ ထပ်မံပိတ်ပင်လိုက်တာပါ။ဒါ့ကြောင့်PJပတ်စပို့ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံကူးလက်မှတ်ရှိပေမယ့် ပြည်ပထွက်လို့မရတော့ပါဘူး။စစ်ကော်မရှင်ဟာ လူငယ်တွေပြည်ပထွက်ခွင့်မရအောင် ရတဲ့နည်းနဲ့ လိုက်လံပိတ်ပင်နေပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


