အမေရိကန်က ကုန်သွယ်ခွန်တိုးကောက်တဲ့နိုင်ငံတွေ စာရင်းမှာမြန်မာနိုင်လဲပါဝင်လာပါပြီ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနဲ့ အာဆီယံနိုင်ငံတွေအပါအဝင် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတွေမှ ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်မယ့် အကြောင်းကြားစာ ပေးထားခဲ့ပါတယ်။မြန်မာနိုင်ငံကိုတော့စုစုပေါင်း၄၀ရါခိုင်နှုန်းတိုးကောက်မယ်လို့သတ်မှတ်လိုက်တယ်။အခုလို အခွန်တိုးကောက်မယ့်အကြောင်းကို အမေရိကန်သမ္မတလက်မှတ်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီ စာပို့အကြောင်းကြားထားလို့ မင်းအောင်လှိုင်ကသူတို့ကို အသိအမှတ်ပြုတယ်ဆိုပြီး ဂုဏ်ယူနေတယ်။အခွန်တိုးကောက်လို့ ပြည်သူတွေန်နာမယ့်အရေးကို စစ်ကောင်စီကသူတို့ဘက်တစ်ခုထဲသာကြည့်ပြီး ကြံဖန်ဂုဏ်ယူနေတယ်ဆိုတာကြားလို့မကောင်းတဲ့ ဟာသတစ်ခုပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


