ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပါပြီ။နောင်ချိုမြို့ကိုစစ်ကောင်စီက ပြန်လည်ရရှိသွားတဲ့ သဘောပါပဲ။TNLAကတော့ အခုချိန်ထိ နောင်ချိုမြို့မကျအောင် ကာကွယ်နေတယ်လို့ပဲပြောနေတယ်။ဒါပေမယ့်သူ့တပ်ဖွဲ့တွေက မြို့ထဲမှာမရှိတော့ပါဘူး။ဒီလအစထဲကပြောခဲ့သလိုပဲ စစ်ကောင်စီရဲ့ထိုးစစ်ကိုထိထိရောက်ရောက် မခုခံနိုင်တဲ့အတွက် ဒီလမကုန်ခင်မှာပဲနောင်ချိုမြို့ဟာ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


