ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကိုစစ်ကောင်စီက ပြန်လည်သိမ်းယူသွားပါပြီ။ထိုမြို့ကို ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက လက်နက်အင်အား၊လူအင်အားအလုံးအရင်းသုံးပြီး တရစပ်ထိုးစစ်ဆင်နေတာပါ။နေပြည်တော်နဲ့ မိုင်၁၅၀ခန့်သာ ဝေးကွာတာကြောင့်မိုးဗြဲမြို့ကိုပြန်လည်ရရှိရေး အသဲအသန်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့အကြိမ်ကြိမ်ထိုးစစ်ဆင်မှုကို ၇လ ကျော်ကြာခုခံနိုင်ခဲ့တဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကတော့ လေးစားဖို့ကောင်းပါတယ်။ပြည်နယ်လေးကသေးပေမယ့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ကျစ်လစ်စွာစုစည်းနိုင်တာကြောင့် ဒီလောက်ထိခုခံနိုင်ခဲ့တာပါ။
ဇူလိုင် ၀၈၊ ၂၀၂၅။ (တနင်္လာ)
နာမည်ကျော်သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက လူမှုကွန်ယက်ကနေတဆင့် NUGကိုပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။အဓိကကတော့...