ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကိုစစ်ကောင်စီက ပြန်လည်သိမ်းယူသွားပါပြီ။ထိုမြို့ကို ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက လက်နက်အင်အား၊လူအင်အားအလုံးအရင်းသုံးပြီး တရစပ်ထိုးစစ်ဆင်နေတာပါ။နေပြည်တော်နဲ့ မိုင်၁၅၀ခန့်သာ ဝေးကွာတာကြောင့်မိုးဗြဲမြို့ကိုပြန်လည်ရရှိရေး အသဲအသန်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့အကြိမ်ကြိမ်ထိုးစစ်ဆင်မှုကို ၇လ ကျော်ကြာခုခံနိုင်ခဲ့တဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကတော့ လေးစားဖို့ကောင်းပါတယ်။ပြည်နယ်လေးကသေးပေမယ့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ကျစ်လစ်စွာစုစည်းနိုင်တာကြောင့် ဒီလောက်ထိခုခံနိုင်ခဲ့တာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


