စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးစုပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုဒီလ ၂ရက်နေ့ ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၂ပတ်ကျော်ကြာမှ သိမ်းပိုက်နိုင်လိုက်တယ်။ဒီကြားထဲမှာလဲ စခန်းသိမ်းတိုက်ပွဲဆင်နွဲရင်းစစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စင်းပျက်ကျခဲ့သေးတယ်။
ကန်ဒေါင့်ရဲစခန်းဟာစစ်ကိုင်းတိုင်း အနောက်ပိုင်းကို သွားတဲ့လမ်းပေါ်မှာတည်ရှိနေပြီးဘေးမှာလဲ ပျူစောထီးရွာနှစ်ရွာနဲ့ဝိုင်းရံထားသေးတယ်။ထိုရွာတွေကနေစစ်ကူပို့ဖို့ကြိုးစားပေမယ့်တော်လှန်ရေးအဖွဲ့တွေက ပိတ်ဆို့ထားနိုင်ခဲ့တယ်။အခုထိုရဲစခန်းကိုရပီးနောက် ပုလဲနယ်မှာပျူစောထီးရွာနှစ်ခုအပြင် ပုလဲမြို့ပေါ်မှာသာ စစ်ကောင်စီတပ်တွေကျန်ရှိတော့တယ်။