လားရှိုးမြို့ကိုတရုတ်အကူအညီနဲ့စစ်ကောင်စီက ပြန်လည်ရရှိသွားပြီးနောက်မြို့ထဲကိုစစ်အင်အားတွေ အဆက်မပျက်ဖြည့်တင်းနေပါတယ်။မြို့ထဲကို အင်အားဖြည့်မယ်ဆိုရင်MNDAAနဲ့ညှိနှိုင်းရမယ်လို့သိတာပေမယ့် ဒီအချက်ဟာအသက်ဝင်ပုံမပေါ်ပါဘူး။ဒေသခံတွေကတော့ လားရှိုးမြို့ကိုအင်အားဖြည့်တင်းပြီးရင် အနီးအနားကဒေသတွေကိုပြန်လည်တိုက်ခိုက်မှာ စိုးရိမ်နေကြတယ်။
ဒါ့အပြင်မြို့ပေါ်ကို စစ်ကောင်စီရောက်လာပြီးနောက်ရာဇဝတ်မှုတွေ ပေါများလာပါတယ်။စစ်ကောင်စီဟာ စစ်ရေးလောက်သာစိတ်ဝင်စားပြီး မြို့တည်ငြိမ်ရေးမဲ့အုပ်ချုပ်ရေးပိုင်းကို ပစ်ထားတဲ့အတွက်ဒုစရိုက်မှုတွေ ပေါများလာတယ်။ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာ တောင်ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့စိတ်မဝင်စားတာကြောင့် လားရှိုးမြို့ကပြည်သူတွေဟာ မလုံခြုံမှုတွေခံစားနေရတယ်။