အေအေနဲ့ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းပဲခူးတိုင်းဧရာဝတီတိုင်းအစပ်က ဒေသတွေမှာလဲ ဆက်လက်ရှိနေပါတယ်။ ထိုဒေသတွေကို ဧပြီလလောက်ကတည်းက ထိုးစစ်ဆင်ခဲ့ပေမယ့် အခြေအနေတွေက သိသာစွာတိုးတက်လာခြင်းမရှိပါဘူး။ အဓိကအချက်ကတော့ စစ်ကောင်စီဘက်က လူအင်အားတွေအဆက်မပျက် ဖြည့်တင်းနိုင်နေလို့ပါပဲ။ စစ်ကောင်စီက တရုတ် ရုရှားတို့ဆီကနေ စစ်လက်နက်ရင်းမြစ်လောက်မဟုတ်ပဲ နည်းပညာပိုင်းရော စစ်လက်နက်ပညာရှင်တွေရော စစ်ရေးအကြံဥာဏ်တွေပါရနေတော့ ဒီနောက်ပိုင်းမြို့သိမ်းတိုက်ပွဲတွေမှာ အတော်လေး တောင့်ခံနိုင်လာတာ အမှန်တရားပဲဖြစ်တယ်။ ဒါတွေအပြင် အတင်းအဓမ္မ စစ်မှုထမ်းဆင့်ခေါ်တာ ပေါ်တာဆွဲတာကနေ ဖြစ်လာတဲ့ တပ်သားသစ် သောင်းချီဟာလည်း ထင်သလောက် ထွက်ပြေးတာမျိုး လက်နက်ချ အလင်းဝင်တာမျိုး မရှိလာသေးပါဘူး။ ပြောလိုတာက ရန်သူကို လျှော့မတွက်ဖို့နဲ့ တော်လှန်ရေးက ယခင်ထက် အများကြီး ပိုအားစိုက်ဖို့ လိုလာနေပြီဆိုတာပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


