စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေဟာတစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေပါပြီ။
ပြည်သူလူထုရဲ့ခုခံမှုကြောင့်သူတို့ဖြိုခွဲဖို့မလွယ်တဲ့နယ်မြေတွေမှာ မီးတင်ရှို့မှုတွေကိုလုပ်ဆောင်လာနေ ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ မန္တလေးမြို့အောင်ပင်လယ် နားကရပ်ကွက်တစ်ခုကို စစ်သူပုန် အဖွဲ့တွေမီးလောင်တိုက်သွင်းခဲ့ပါတယ်။ မီးသတ်ကားတွေကိုဝင်ခွင့်မပေးဘူး။ မီးငြိမ်းဖို့လာတဲ့ ရပ်ကွက် နေပြည်သူတွေကိုလည်း ပစ်ခတ်နှောက် ယှက်ပါတယ်။ ထိုနေရာမှာအိမ်ခြေ ၇၀ လောက်ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။
သပိတ်တွေကိုဖြိုခွဲမှုမှာလည်း နောက်တစ်ဆင့်တက်လာပါပြီ။ လက်နက်မဲ့ပြည်သူကိုလက်ပစ်ဗုံးတွေ၊ RPG တွေပါသုံးလာပြီးသတ်ဖြတ်နေပါပြီ။ ဒီနေ့ရန်ကုန် လှိုင်မြို့နယ်မှာ စစ်သူပုန်တွေလက်ပစ်ဗုံးသုံး ပြီးတိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံး၊ တစ်ဦးလက်ပြတ်ဒဏ်ရာရခဲ့ပါတယ်။
အိန္ဒိယနယ်စပ်ဘက်က ကလေးမြို့လေးမှာလည်း ပြည်သူလူထုရဲ့အခိုင်အမာ သပိတ်စခန်းကိုပုံမှန် အတိုင်းဖြိုခွဲမရလို့ RPG တွေသုံးလာတဲ့သတင်းတွေ၊ ဓာတ်ပုံတွေတက်လာပါတယ်။ ကလေးမြို့မှာတော့ ဒီနေ့အတွက်အနည်းဆုံးသုံးဦးကျဆုံးခဲ့ပါတယ်။
ရန်ကုန်က တောင်ဒဂုံမြို့နယ်မှာလည်း စစ်သူပုန်တွေကိုအပြင်းအထန် ခုခံနေတာသုံးရက်သုံးည ဆက် တိုက်ဖြစ်နေပါပြီ။
နောက်ဆိုရင်စစ်သူပုန်တွေဟာလက်နက်မဲ့ပြည်သူကိုသတ်ဖြတ်ဖို့အတွက် မြို့ပေါ်မှာတောင် အမြှောက် တွေ၊ တင့်ကားတွေသုံးလာမလား မသိပါဘူး။
အဲ့တော့ UN US CRPH တို့အနေနဲ့မြေပြင်ကအကာအကွယ်မဲ့ ပြည်သူကိုကာကွယ်ပေးဖို့တုံ့ဆိုင်းနေမယ်၊ ကြေငြာချက်တွေပဲဆက်ထုတ်နေမယ်ဆိုရင်တော့ ကိုယ်ဘာသာကိုယ်ကာကွယ်ဖို့လက်နက်တွေသာ ချပေးပါတော့လို့တောင်းဆိုချင်ပါတယ်။