၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့ ပဋိပက္ခကျယ်ပြန့်လာမှု နှင့် စီးပွားရေးကျဆင်းမှုများကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် ဆင်းရဲမွဲတေမှု ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကထုတ်ပြန်လိုက်တယ်။ ထိုထုတ်ပြန်မှုမှာ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့ပြလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ဝင်ငွေနည်းဆင်းရဲသူ များဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင်မူ ၄၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာတယ်တဲ့။ ရန်ကုန်မြို့လူဦးရေကို ၆ ဒသမ ၂ သန်းရှိသည်ဟု ခန့်မှန်းထားပြီး လူ ၂ ဒသမ ၇ သန်းခန့် ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေပြီဆိုတော့ ရန်ကုန်မြို့တဝက်နီးပါးလောက်က ဆင်းရဲနေပြီပေါ့။ နိုင်ငံရေးမတည်ငြိမ်မှု နှင့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ အခြေချ နေထိုင်မှုများကြောင့်လည်း ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များမှာဆင်းရဲမွဲတေမှု တိုးလာနေတယ်လို့ဆိုတယ်။ အရင်ကဆို မြို့ကြီးပြကြီးတွေကိုရွှေ့ပြောင်းကြတယ်ဆိုတာ ပိုမိုကောင်းမွန်သော လူနေထိုင်မှု နှင့် ဘဝတိုးတက်ကောင်းမွန်ရေးအတွက် ဖြစ်ပေမယ့် အခုကတော့ မူရင်းနေရပ်ဒေသများမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ အခက်အခဲများကြောင့် အရာအားလုံးကို စွန့်လွှတ်ကာ မျှော်လင့်ချက်မဲ့စွာ ရွှေ့ပြောင်းလာရတဲ့သူတွေများနေတယ်။ ဒါဟာလဲပြည်သူတွေလက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခတွေပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


