ရန်ကုန်မြို့ဟာတဖြည်းဖြည်းခြောက်ကပ်လာနေပါပြီ။ လမ်းတွေပေါ်မှာအသွားအလာတွေတော့ရှိပေမယ့် ဆိုင်အများစုပိတ်ထားကြတယ်။ စစ်သူပုန်တွေရဲ့ရပ်ကွက်အတွင်းထိဝင်ရောက်အကြမ်းဖက်မှုကို ရှောင်ရှားလိုခြင်း၊ စစ်ဖြစ်တော့မဲ့သတင်းတွေထွက်ပေါ်နေခြင်း တို့ကြောင့်တချို့သောမြို့နေ လူထုတွေဟာရန်ကုန်ပြင်ပ နီးစပ်ရာနယ်တွေပြောင်းရွှေ့ကုန်ကြပါပြီ။
စစ်ကောင်စီဟာယခင်စစ်အာဏာမသိမ်းခင်အခြေအနေကိုပြန်ရောက်ဖို့ကြိုးစားနေပေမယ့် သူတို့ပြုတ်မကျသ၍ ပြည်သူတွေရဲ့လူမှုဘဝတွေအရင်အတိုင်းပြန်ဖြစ်ဖို့မလွယ်ကူတော့ပါ။