ကချင်ပြည်နယ်၊ ဗန်းမော်စစ်မျက်နှာမှာ KIAကစစ်တပ်ရဲ့ရဟတ်ယာဥ်နှစ်စီးကို ပစ်ချနိုင်လိုက်ပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ကိုစစ်ကူလာပို့တဲ့စစ်သူပုန်တွေရဲ့ MI17ရဟတ်ယာဥ်သုံးစီးမှာတစ်စီးကို KIAကပိုင်ပိုင်နိုင်နိုင်ပစ်ချနိုင်ခဲ့ပြီး ထိုရဟတ်ယာဥ်ဟာ တောတွင်းတစ်နေရာမှာ ပျက်ကျသွားတယ်။ပျက်ကျသွားတဲ့နေရာကို KIAကရှာဖွေနိုင်ခဲ့ပြီး ရဟတ်ပေါ်ပါလာတဲ့ စစ်သူပုန်အားလုံးသေဆုံးသွားတယ်လို့ ဓာတ်ပုံတွေနဲ့တကွသတင်းထုတ်ပြန်ထားတယ်။နောက်ရဟတ်ယာဥ်တစ်စီးကတော့ ဗန်းမော်မြို့အနောက်ဘက် ရွှေကူမြို့အနီးထိပျံသန်းသွားနိုင်ခဲ့ပေမယ့် ကြုံတဲ့နေရာမှာအရေးပေါ်ဆင်းသက်ခဲ့ရတာကြောင့် အတော်လေးပျက်စီးသွားတယ်လို့ သိရတယ်။နောက်တစ်စီးကတော့ မြစ်ကြီးနားမြို့ကို ပျံသန်းသွားနိုင်ခဲ့တယ်။
တော်လှန်ရေးအင်အားစုတွေဟာ ၂၀၂၄ခုနှစ်၊ဇန်နဝါရီလနောက်ပိုင်းမှာ စစ်ကောင်စီရဲ့လေယာဥ်ရဟတ်ယာဥ်တွေကို ပစ်ချနိုင်ခြင်းမရှိတော့ပါဘူး။အခုKIAရဲ့ပစ်ချနိုင်မှုဟာ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်းစီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်လည်ခြိမ်းခြောက်နိုင်ခြင်းပါ။