စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ရွာတစ်ရွာကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူငယ်၂၀ ကျော်ကိုစစ်သားစု ဆောင်း ရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ(မုံရွာမြို့)ကို ပို့လိုက်ပြီလို့ နောက်ဆုံးသတင်းရပြီး ဒီနေ့အထိအဆက်အသွယ်ပျက်တောက်နေပါတယ်။
မေလ၁၂ရက် နေ့ည၊၉နာရီ လောက်မှာ ထိုရွာက Starlink အင်တာနက်ဆိုင်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၂၇ ဦးခန့်ဖမ်းဆီးခံခဲ့ရတယ်။ အဲဒီအထဲက လူငယ်အမျိုးသားတဦးကို စစ်တပ်က ပစ်သတ်လိုက်ပြီးကျန်လူတွေအားလုံးကို ချောင်းဦးမြို့နယ်၊ထွေအုပ်ရုံးထဲကိုဖမ်းဆီးသွားတယ်။ အဲဒီအထဲက သက်ကြီးရွယ်အိုနဲ့အမျိုးသမီး တချို့အပါအဝင် ၇ ဦးခန့်ပြန်လွတ်ခဲ့တယ်။ အဲဒီနောက်နေ့မှာပဲ အဖမ်းခံရတဲ့လူငယ်တွေကိုချောင်းဦးမြို့ထဲကနေ ကားတန်းနဲ့ မုံရွာမြို့ နမခထဲကိုခေါ်ဆောင်သွားတယ်။ အဲ့ဒီအချိန်ကစပြီး အခုထိအဆက်သွယ်မရတော့ပါဘူး။
အခုဖြစ်ရပ်ဟာ အများသိသွားတဲ့ဖြစ်ရပ်တစ်ခုသာဖြစ်ပြီး စစ်ကောင်စီဟာမုံရွာမြို့ အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့ရွာတွေ၊မြို့ချင်းဆက်လမ်းတွေပေါ်မှာမကြာခဏပေါ်တာဆွဲနေပါတယ်။