စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး မိသားစုပါဆုံး၊နေစရာပါဆုံးရှုံးသွားတဲ့သူတွေအတွက် ထိရောက်တဲ့ ဘာအကူအညီမှမရသေးပါဘူး။ပိုက်ဆံချမ်းသာတဲ့သူတွေဆိုလဲ အိမ်ပြန်ဆောက်ဖို့ထပ် ပြိုသွားတဲ့အိမ်ကိုရှင်းလင်းဖို့စားရိတ်အတွက် ရင်လေးနေရတယ်။ဒီလိုအခက်အခဲတွေကြားထဲမှာမှ နောက်ဆက်တွဲငလျင်ငယ်လေးတွေကလဲ အခုချိန်ထိဆက်လှုပ်နေသေးတယ်။ဒါ့အပြင်နွေခေါင်ခေါင်ကြီးမှာ အချိန်အခါမဟုတ် မိုးကလဲသည်းထန်စွာရွာသွန်းနေလို့ မပြိုသေးတဲ့အဆောက်အဦးတချို့ ထပ်မံပြိုကျသေးတယ်။မကြာမှီ မိုးရာသီးကျရောက်လာတော့မှာမို့ နေစရာမရှိတဲ့ပြည်သူတွေအတွက် ရင်လေးစရာပါပဲ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...