စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ ရုံးအဆောက်အအုံတွေ၊ဝန်ထမ်းအိမ်ရာတွေကို မူလတည်ဆောက်ထားတဲ့ ကုမ္မဏီတွေတာဝန်ယူပြီး ပြန်လည်တည်ဆောက်ပေးရမယ်လို့ စစ်ကောင်စီက ညွန်ကြားလိုက်ပါတယ်။မူလတည်ဆောက်ထားတဲ့ ကုမ္မဏီတွေဆိုတာကတော့ အရင်စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်တွေနဲ့အလွမ်းသင့်တဲ့ ခရိုနီကုမ္မဏီတွေသာဖြစ်တယ်။အဲ့ဒီတုန်းကနေပြည်တော်ကို တည်ဆောက်ဖို့ထိုကုမ္မဏီတွေကို ကန်ထရိုက်တွေချပေးခဲ့ရာမှာ ခိုးချင်တိုင်းခိုင်းပြီး အရည်အသွေးမပြည့်မှီခဲ့လို့ အခုလိုပြိုကျပျက်စီးမှုတွေ အများအပြားဖြစ်ခဲ့တာပါ။အခုလက်ရှိမင်းအောင်လှိုင်လက်ထက်မှာတော့ ထိုကုမ္မဏီတွေဟာ အရင်လိုအင်အားမတောင့်တင်းတော့ပါဘူး။အရင်က ခရိုနီသူဌေးတွေအားလုံးမင်းအောင်လှိုင်နဲ့ ခပ်ခွာခွာနေကြသူတွေချည်းပါပဲ။အခုတောင် တချို့ကုမ္မဏီတွေဟာ စစ်ကောင်စီကိုမဆက်သွယ်ပဲ ရှောင်တိမ်းနေတယ်လို့သိရတယ်။အရင်ခရိုနီဟောင်းတွေရဲ့ ကုမ္မဏီတွေကို အစအဆုံးပြန်လည်တာဝန်ယူခိုင်းမယ့် အစီအစဥ်ဟာ သိပ်အလုပ်ဖြစ်မယ်မထင်ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


