နေပြည်တော်ကNON CDM ဝန်ထမ်းတွေရဲ့ဘဝတွေဟာလဲ သနားစရာကောင်းပါတယ်။ဒီလောက်အခြေအနေဆိုးနေတဲ့ကြားက စစ်ကောင်စီက ရုံးအတင်းတက်ခိုင်းနေတယ်။ရုံးအဆောက်အအုံတွေ ပျက်စီးနေတဲ့အတွက်ပူပြင်းထဲရာသီဥတုအောက်မှာ ယာယီပြုလုပ်ထားတဲ့ရွက်ဖျင်တဲတွေနဲ့ ရုံးတက်ကြရတယ်။ရုံးကပြန်တော့လဲနေစရာအိမ်မရှိတော့ပါဘူး။ပြိုကနေတဲ့ ဝန်ထမ်းအိမ်ရာဝန်းထဲက နေရာလွတ်တွေမှာဖြစ်သလို နေထိုင်နေရတယ်။ဒါ့အပြင်ညဘက်တွေမှာ သူခိုးတွေသောင်းကျန်းလို့ ကင်းစောင့်ရသေးတယ်။စစ်ကောင်စီဟာဒုက္ခရောက်နေတဲ့ ကိုယ့်ဝန်ထမ်းတွေအဆင်ပြေအောင်တောင် မလုပ်ပေးနိုင်ပါဘူး။ဒါ့ကြောင့် ရန်ကုန်မှာမိသားစုရှိတဲ့ဝန်ထမ်းတချို့ကတော့ အလုပ်ထွက်ပြီးရန်ကုန်ပြန်ဖို့ပြင်နေကြပြီ။ရွေးချယ်စရာမရှိတဲ့ဝန်ထမ်းတွေကတော့ ဒုက္ခတွေကြားနေပြည်တော်မှာပဲ ဆက်လက်နေထိုင်ကြရတယ်။တက်စရာရုံးမရှိနေစရာအိမ်မရှိတဲ့ ဒုက္ခတွေကိုမခံစားနိုင်လို့ ဝန်ထမ်းတွေ အကုန်ဆန္ဒပြ အလုပ်ထွက်ကြပြီးစစ်ကောင်စီယန္တရားကြီး ရပ်တန့်သွားရင်တော့အတော်ကြည့်ကောင်းမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


