လားရှိုးမြို့မှာMNDAAက ဆုတ်ခွာပြီးစစ်ကောင်စီက ပြန်ထိန်းချုပ်မယ့်သတင်းကြောင့် မြို့ခံတွေစိုးရိမ်နေကြတယ်။စစ်ကောင်စီအုပ်ချုပ်ရေး ပြန်အသက်ဝင်လာရင်MNDAAနဲ့ ပူးပေါင်းအလုပ်လုပ်ခဲ့တဲ့ မြိုခံအများအပြား ဖမ်းဆီးခံရမှာပါ။ဒါ့အပြင်စစ်မှုထမ်းဖို့စုဆောင်းခံရမှာကိုလဲ စိုးရိမ်နေကြတယ်။ဒါပေမယ့်MNDAAလက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့မြို့ခံအတော်များများကတော့ MNDAAနဲ့လိုက်သွားဖို့ အစီအ စဥ်မရှိကြပါဘူး။စစ်ကောင်စီဝင်လာရင်တော့ သူတို့ဟာမြို့ကို စွန့်ခွာကြရမှာပါ။လောလောဆယ်မှာတော့ လားရှိုးပြည်သူ့ဆေးရုံကြီးက ဆေးပစ္စည်းတွေကို MNDAAကသူတို့ထိန်းချုပ်ထားတဲ့ သိန္ဒီမြို့ဘက်ကိုရွေ့ပြောင်းနေတယ်။ဆေးရုံကြီးကိုလဲ ပိတ်လိုက်ပြီ။လားရှိုးမြို့ရဲ့အနာဂတ်ဟာ မရေရာမှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေတယ်။
ဧပြီ ၁၁၊ ၂၀၂၅။ (သောကြာ)
ငလျင်ဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မည်သည့်အဖွဲ့အစည်းမဆို ခွင့်ပြုချက်တင်ရမှာဖြစ်ပြီးသူတို့နဲ့ပူးပေါင်းလုပ်ဆောင်ရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်ပါတယ်။ဒါဟာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို...