ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအစပ်က အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်သိမ်းယူလိုက်နိုင်ပါပြီ။ထိုမြို့ကိုထိန်းချုပ်ထားပေမယ့် စစ်သူပုန်တွေဟာ မြို့ပြင်ကဒုတိယကမ္ဘာစစ်လက်ကျန် ဂျပန်လှိုင်ဂူမှာဆက်လက်ခုခံနေတဲ့အတွက် ၇လ ကျော်တိုက်ခိုက်ခဲ့ရတယ်။မန္တလေးမြစ်ကြီးနား ကားမလမ်းပေါ်မှာတည်ရှိနေတဲ့ အင်းတော်မြို့ကိုရလိုက်တဲ့အတွက် ကချင်ပြည်နယ်ထဲကိုကုန်းလမ်းကနေ ထောက်ပံပို့ဆောင်ရေးလုပ်ဖို့ စစ်ကောင်စီအနေနဲ့ခက်ခဲသွားမှာပါ။ဆက်လက်ပြီး ထီးချိုင့်မြို့ကိုသိမ်းပိုက်နိုင်ရင်တော့ ရှမ်းမြောက်နဲ့စစ်ကိုင်းတိုင်းအတွက် ဆက်သွယ်ရေးလမ်းကြောင်းပွင့်သွားမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


