ငလျင်ဒဏ်သင့်ဒေသတွေကပြည်သူတွေကို ကူညီနိုင်ဖို့NUGနဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဒီလကုန်အထိအပစ်ရပ်ထားမယ်လို့ ကြေညာလိုက်တယ်။စစ်ကောင်စီကတော့အစမှာ ဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောထားပေမယ့်လဲ လာမယ့်ရက်ပိုင်းအတွင်း ဘန်ကောက်မှာဘင်းစတက်အစည်းအဝေး တက်ရောက်ဖို့ရှိတာကြောင့် လူကြားကောင်းအောင်သူလဲ အပစ်ရပ်မယ်လို့ကြေညာထားတယ်။စစ်ကောင်စီကအပစ်ရပ်မယ်ပြောနေပေမယ့် စာရွက်ပေါ်မှာသာရှိနေပြီး ငလျင်ဘေးကြုံနေတာတောင် ရှမ်းပြည်နယ်၊ကချင်ပြည်နယ်နဲ့အညာဒေသတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်။ကပ်ဘေးကာလအတွင်းမှာ စစ်ကောင်စီရဲ့ဗုံးကြဲမှုကြောင့် သေဆုံးသွားပြည်သူငါးဆယ်ကျော်ရှိနေပါပြီ။ဒီပုံအတိုင်းဆို ငလျင်ဘေးဖြစ်နေပေမယ့်လဲ တိုက်ပွဲတွေကတော့ရှိနေဦးမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


