ငလျင်ဒဏ်သင့်ဒေသတွေကပြည်သူတွေကို ကူညီနိုင်ဖို့NUGနဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဒီလကုန်အထိအပစ်ရပ်ထားမယ်လို့ ကြေညာလိုက်တယ်။စစ်ကောင်စီကတော့အစမှာ ဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောထားပေမယ့်လဲ လာမယ့်ရက်ပိုင်းအတွင်း ဘန်ကောက်မှာဘင်းစတက်အစည်းအဝေး တက်ရောက်ဖို့ရှိတာကြောင့် လူကြားကောင်းအောင်သူလဲ အပစ်ရပ်မယ်လို့ကြေညာထားတယ်။စစ်ကောင်စီကအပစ်ရပ်မယ်ပြောနေပေမယ့် စာရွက်ပေါ်မှာသာရှိနေပြီး ငလျင်ဘေးကြုံနေတာတောင် ရှမ်းပြည်နယ်၊ကချင်ပြည်နယ်နဲ့အညာဒေသတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်။ကပ်ဘေးကာလအတွင်းမှာ စစ်ကောင်စီရဲ့ဗုံးကြဲမှုကြောင့် သေဆုံးသွားပြည်သူငါးဆယ်ကျော်ရှိနေပါပြီ။ဒီပုံအတိုင်းဆို ငလျင်ဘေးဖြစ်နေပေမယ့်လဲ တိုက်ပွဲတွေကတော့ရှိနေဦးမှာပဲ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


