မနေ့ကမဲနှိုက်ဖို့ဆော်သြပြီးနောက် ဒီနေ့မဟာအောင်မြေမြို့နယ်ရပ်ကွက်ရုံးတွေမှာ လူတွေစုရုံးနေကြတယ်။ဒါပေမယ့်တပ်သားသစ်စုဆောင်းခံရမယ့် လူငယ်တွေကိုသိပ်မတွေ့ရပဲ အသက်ကြီးကြီးအမျိုးသမီးကြီးတွေသာလာရောက် မဲနှိုက်ကြတယ်။မလာလို့လဲ အဆင်မပြေပါဘူး။ပျက်ကွက်ရင်မျက်ကွယ်မဲနှိုက်ပြီး အိမ်လာခေါ်မယ်၊အိမ်မှာမတွေ့ရင် အိမ်ကိုချိတ်ပိတ်တဲ့အထိ အရေးယူမယ်ဆိုတော့လာကြရတာပါပဲ။ ပြီးခဲ့တဲ့ ရက်တွေအတွင်း မန္တလေးမြို့သစ်ပိုင်းက ရပ်ကွက်တချို့မှာ စစ်အုပ်စုက အထက်ပါအတိုင်း ရပ်ကွက်လုံးကျွတ် မဲနှိုက်ခိုင်းတာတွေ ရှိခဲ့ပြီး ရပ်ကွက်သူ၊ ရပ်ကွက်သား အချင်းချင်း မဲကျထားသူက ရှောင်လို့မရအောင် ဝိုင်းကြီးချုပ်ပုံစုံ လုပ်တာပါ။
အရင်လိုတွေ့တဲ့လူပေါ်တာမဆွဲတော့ပဲ စနစ်တကျလုပ်လာတာဟာ လူထုကိုစတင်စမ်းသပ်တာလို့မြင်ပါတယ်။အခုမန္တလေးမှာ အောင်မြင်သွားရင် စစ်ကောင်စီထိန်းချုပ်ရာမြို့တွေအားလုံးမှာ အခုလိုမျိုးဆက်တိုက်လုပ်လာတော့မှာပါ။ဒါဆိုရင်စစ်ကောင်စီအတွက် စစ်သားစုဆောင်းရတာအများကြီး လွယ်ကူသွားလိမ့်မယ်။ဒါက်ုရှောင်ရှားတုန့်ပြန်နိုင်ဖို့နည်းလမ်းကောင်းတွေလဲ လောလောဆယ်မရှိသေးတဲ့အတွက် သူတို့လိုသလောက်လွယ်လွယ်ကူကူ စစ်သားစုဆောင်းလို့ရနေရင်တော့ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေက လူငယ်တွေနဲ့အတူ တော်လှန်ရေးအတွက်ရင်လေးစရာပါပဲ။