TLNA သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းမြောက်က ကွတ်ခိုင်မြို့တွေမှာ မြို့တွင်းလုံခြုံရေး တပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ စာရင်း ကောက်ယူနေပါတယ်။ ဒါ့အပြင် သူတို့သိမ်းထားတဲ့ ကျန်တဲ့မြို့တွေအားလုံးမှာ စာရင်းကောက်ဖို့ရှိနေတယ် လို့သိရတယ်။ TNLA အုပ်ချုပ်တဲ့မြို့တွေမှာ တပ်သားသစ် စုဆောင်းမှုကိုတော့ လက်ရှိအချိန်ထိ တအာင်း(ပလောင်) လူမျိုးတွေကိုသာ ခေါ်ယူနေဆဲ ဖြစ်ပြီး အခြားလူမျိုးတွေက မိမိဆန္ဒအလျောက် တပ်ထဲ ဝင်ချင်တာမျိုး ရှိရင်လည်း ခွင့်ပြုပေးတယ်ထားတယ်။ ဒေသခံ အခြားလူမျိုးပေါင်းစုံကိုတော့ မြို့တွင်း လုံခြုံရေးအတွက်သာ စစ်မှုထမ်းဖို့ ခေါ်ယူမှာ ဖြစ်တယ် ပြောထားတယ်။ မြို့လုံခြုံရေးတပ်မှာ တာဝန်ထမ်းဆောင်ရမယ့် အချိန်ကာလနဲ့ ပတ်သက်ပြီးတော့ တိတိကျကျပြောထားတာတော့ မရှိသေးဘူး။
အခုလို TNLA က လူစာရင်းကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မိုးကုတ်မြို့နေ ပြည်သူတွေအကြား ရှင်းရှင်းလင်းလင်း မသိရသေးတော့ မြို့ခံတွေမှာ စိုးရိမ်မှု မြင့်တက်လာတာကြောင့် တချို့လဲမြို့ကနေ ပြောင်းရွှေ့ထွက်ခွာနေကြပြီ။ ဒါပေမယ့် ဝေးဝေးတော့မရှောင်နိုင်ပဲ လွတ်မြောက်နယ်မြေ တစ်ကြောမှာ ပတ်ရှောင်နေကြတယ်။ EAO တွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလဲ ပြည်သူတွေအခက်အခဲဖြစ်နေတဲ့သတင်းတွေ တစတစများပြားလာတာကို တွေ့နေရပါတယ်။