မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က PDF တွေသိမ်းပိုက်ထားတဲ့ ရေနံမှောင်တွေကို စစ်အုပ်စုက နေ့စဥ်နီးပါးဗုံး ကြဲတိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြိုင်နယ်အနောက်ပိုင်း ရေနံမှော်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရေနံတူးဖော်တာတွေ၊ ကေတီဗီနဲ့ အနှိပ်ခန်းဖွင့်လှစ်တာတွေ ရှိထားတယ် အကြောင်းအချက်တွေပါဝင်တဲ့ သတင်းဆောင်းပါးတစ်ခုကို ဧရာဝတီသတင်းဌာနက အညာဒူဘိုင်းဆိုတဲ့ ခေါင်းစဥ်နဲ့တင်လိုက်တယ်။ ထိုဆောင်းပါဟာ လူမှု ကွန်ယက်စာမျက်နှာပေါ် တွင်တွင်ကျယ်ကျယ် ပြန့်နှံ့ပြီးနောက် စစ်အုပ်စုကအခုလိုလေကြောင်း နဲ့ဗုံးကြဲတိုက်ခိုက်လာတာပဲ ဖြစ်တယ်။ ဒါ့ကြောင့် ထိုသတင်းဌာနအနေနဲ့ ဝေဖန်မှုတွေ ခံနေရတယ်။ တော်လှန်ရေးသတင်းတွေ အသားပေးတင်ဆက်နေတဲ့ သတင်းဌာနတွေအနေနဲ့ အခုလိုစစ်အုပ်စုကို သတင်းပေးတဲ့သတင်းမျိုး မရေးသင့်ဘူးလို့ ဝေဖန်ကြတယ်။ တကယ်လဲ သူတို့သတင်းလူကြည့်များအောင် တော်လှန်ရေးကိုအသုံးချတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဧရာဝတီသတင်းဌာနကြောင့် ထိုဒေသကပြည်သူတွေ လေကြောင်းရန်ကိုအလူးအလဲခံနေကြရပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


