အဓ္ဓမစစ်မှုထမ်းဥပဒေအရဆင့်ခေါ်ခြင်းခံရတဲ့သူ ထွက်ပြေးနေရင်ကျန်တဲ့မိသားစုထဲက တစ်ယောက်စစ်မှုထမ်းရမယ်လို့ဆိုပါလာပါတယ်။ဒါမှမဟုတ်မိသားစုကို အရေးယူပါမယ်တဲ့။ပြည်ပမှာရှိနေတဲ့သူတွေကိုပါ ဆင့်ခေါ်မှာပါ။ဘယ်လိုမှပြေးလို့မလွတ်နိုင်အောင် အကွက်ကျကျစစ်ကောင်စီက စီမံနေပါတယ်။အခုလောလောဆယ်တော့ပြည်တွင်းကလူငယ်တွေလွတ်ရာကျွတ်ရာ ရှောင်တိမ်းလို့ရနေဆဲပဲ။
ပြည်ပထွက်သွားပြီးအလုပ်လုပ်နေတဲ့လူငယ်တွေလဲ ပြည်တွင်းကိုအလည်ပြန်လာလို့မရတော့ပါဘူး။ပြန်လာရင် ပြန်ထွက်ခွင့်မပေးတော့ပါဘူး။ဒါ့ကြောင့်သူတို့တွေအတွက် မိသားစုနဲ့ပြန်စုံဖို့အခွင့်အရေးမရှိတော့ဘူးပေါ့။ကြားရတာတွေကတော့ စိတ်ဆင်းရဲစရာတွေချည်းပါပဲ။