ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီးရှိ တပ်ရင်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဖမ်းမိခဲ့သည့် စစ်သုံ့ပန်း ၇၀ကျော်ရှိတယ်လို့ သိရတယ်။ ထိုတပ်ရင်းကိုဘသိမ်းပိုက်ပြီးနောက် ဆုတ်ခွာလမ်းကြောင်းတွေကိုပါ ပိတ်ဆို့လိုက်နိုင်တာကြောင့် အခုလိုအရေအတွက်များများ ဖမ်းမိခဲ့ခြင်းဖြစ်တယ်။ ဗန်းမော်လေဆိပ်ကိုလဲ KIAက အပြီးသတ်ထိန်းချုပ်နိုင်လိုက်ပါပြီ။ KIA ပူးပေါင်းတပ်များဟာ ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်ဌာနချုပ်ကို အပြီးသတ်ရရှိရေး ဖေဖော်ဝါရီလဆန်း ကတည်းက စစ်ရှိန်မြှင့် ထိုးစစ် ဆင်နေတာကြောင့် စစ်ကောင်စီကလည်း လေယာဉ် ၊ ဒရုန်း ၊လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက် ခုခံတိုက်ခိုက်လျက်ရှိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


