ပြည်ပထွက်ပြီးအလုပ်လုပ်မယ့်အလုပ်သမားတွေအတွက် ထုတ်ပေးနေတဲ့အလုပ်သမားမှတ်ပုံတင်ကတ်OWICကတ် ထုတ်ပေးမှုကိုစစ်ကောင်စီက ယာယီရပ်ဆိုင်းလိုက်ပါပြီ။ဘယ်တော့ပြန်ဖွင့်ပေးမလဲဆိုတာလဲ မသိရသေးပါဘူး။ဒါဟာပြည်ပကိုအလုပ်သမားစေလွှတ်မှုတွေအားလုံး ရပ်နားလိုက်တဲ့သဘောပါပဲ။အသက်၁၈နှစ်မှ၃၅နှစ်ကြားလူငယ်တွေကို လေကြောင်းလမ်းကနေ ပြည်ပထွက်ခွာခွင့်လုံးဝမပေးတော့ပါဘူး။
ဒါ့အပြင်နယ်စပ်ထွက်ပေါက်တွေကတဆင့် အိမ်နီးချင်းနိုင်ငံတွေကိုထွက်ခွာမယ့် လူငယ်တွေကိုပါ လိုက်လံပိတ်ပင်တားဆီးနေပါတယ်။ထိုင်းနိုင်ငံဘက်ထွက်လို့ရတဲ့ နယ်စပ်ဂိတ်အနည်းဆုံးသုံးခုခန့်နှင့်တရုတ်နိုင်ငံဘက်ထွက်လို့ရတဲ့ ရှမ်းမြောက်ကမူဆယ်နယ်စပ်ဂိတ်တွေမှာပါ ထိုအသက်အရွယ်အတွင်းအကျုံးဝင်သူတွေကို တရားဝင်လမ်းကြောင်းမှထွက်ခွာခွင့်မပေးတော့ပါဘူး။စစ်မှုထမ်းအသက်ရွယ်အတွင်းရှိနေတဲ့ လူငယ်တွေအားလုံးပြည်တွင်းမှာပိတ်မိကုန်ကြပါပြီ။