ကရင်ပြည်နယ်၊ မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေကို လက်ခံထားတဲ့ BGFခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ဖို့ စီစဥ်ခဲ့ပေမယ့် အခုထိုအစီအစဥ်ကို ရပ်ဆိုင်းထားလိုက်တယ်။ စောချစ်သူရဲ့အနေအထားက ကိုးကန့်လိုဖြစ်မှပဲ BGF နဲ့ ကျားဖြန့် ကို အမြစ်ပြတ်နိုင်မှာပါ။ထိုင်းအစိုးရဘက်ကနေ ဖမ်းဝရမ်း ထုတ်နိုင်လည်း ဘာမှဆက်ဖြစ်မယ်မထင်ဘူး။ ထိုင်းဘက်ခြမ်းရှိတဲ့ ပိုင်ဆိုင်မှုတချို့လောက်က စောချစ်သူအတွက် ရင်ခုန်စရာမရှိပါဘူး။ အခု ထိုင်းတရားရုံးကနေ ဖမ်းဝရမ်းတောင် မထုတ်နိုင်ဆိုတော့အေးတာပဲ။ ကြည့်ရတာ ထိုင်းအစိုးရထိပ်တန်းအရာရှိတွေလဲ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေပုံပါ။ စောချစ်သူတို့ဘက်ကနေ နာမည်အတိအကျတွေနဲ့ ဘယ်သူတွေ လာဘ်ယူထားလဲ ထုတ်ပြောလာမှာ ထိုင်းကလည်း ကြောက်နေပုံရတယ်။
တကယ်ဆို BGF DKBA တို့တွေ ကျားဖြန့်အရေး ချောင်ပိတ်နေချိန် KNU က အခွင့်အရေးအနေနဲ့ယူနိုင်ရင် ကရင်တော်လှန်ရေးက အတော် ခရီးရောက်လိမ့်မယ်။ အခုက KNUပါ ငြိမ်နေတော့ ခေါင်းဆောင်ပိုင်းတချို့တွေ ကျားဖြန့်ကိုယ်ကျိုးစီးပွား လက်ခံတဲ့အထဲမှာ သွယ်ဝှိုက်ရနေတာလား မေးချင်စရာ ဖြစ်လာတယ်။ ကရင်ပြည်နယ်ထဲက တော်လှန်ရေးအင်အားစုတွေဟာ ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။