ဒီနေ့ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနဲ့ ရန်ကုန် သုဝဏ္ဏတို့ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့နေတစ်နေ့ ဖြစ်ခဲ့ပါတယ်။
စစ်သူပုန်တွေဟာ တောင်ကြီးကို အသည်းအသန်ဖြိုခွင်းခဲ့တယ်။ ရပ်ကွက်ထဲအထိဝင်ပြီး လူတွေကို သေ နတ်နဲ့တည့်ပစ်တယ်။ ဖမ်းခေါ်သွားတယ်။ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့ရဲ့ယုတ်မာမှုတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ အွန်လိုင်းမီဒီယာတွေပေါ်မှာ မြင်လာရတယ်။ သုဝဏ္ဏမှာလည်း ရပ်ကွက်ထဲကိုဝင် လာပြီးမိန်းကလေးတွေကို ရိုက်နှက်နှိပ်စက်သွားကြတယ်။ သေနတ်တွေနဲ့ပစ်တယ်။ လူတွေကိုဖမ်းခေါ် သွားကြတယ်။
သူတို့ဘာဖြစ်နေတာလဲ။ ဘာလို့ အဲဒီလောက်ထိယုတ်မာနေကြတာလဲ။