စစ်မှုမထမ်းချင်လို့ ကိုယ့်ကိုကိုယ်သတ်သေမှုတွေ ဒေသတချို့မှာ စတင်ဖြစ်ပေါ်လာပါပြီ။ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းကျေးရွာအုပ်စု၊ ရေတွင်းချောင်ရွာတွင် စစ်မှုထမ်းရန် မဲပေါက်သည့် အမျိုးသားတဦး အဆိပ်သောက်မှုဖြစ်ပွားခဲ့တယ်။ စစ်မှုထမ်းရင်လည်း သေမယ့်အတူတူ ငါ့အိမ်မှာပဲ အဆိပ်သောက်သေမယ်ဆိုပြီး သောက်သွားတာလို့ကြားတယ်။ သူ့မှာ လေးနှစ်အရွယ် ကလေးတယောက်ကျန်ခဲ့ပါတယ်။ အလားတူ ဖျာပုံမြို့မှာလဲ မဲပေါက်သွားတဲ့ လူငယ်တစ်ဦး အဆိပ်သောက်ကာ သတ်သေသွားခဲ့ပါတယ်။ ဒါ့အပြင် တချို့ဒေသတွေမှာ လဲသားဖြစ်သူ မဲပေါက်လို့အမေဖြစ်သူ နှလုံးရပ်ပြီးသေဆုံးတာ၊ မြေးဖြစ်သူမဲပေါက်လို့ အဖွားဖြစ်သူကကိုယ့်ကိုကိုယ်သတ် သေတာမျိုးတွေဖြစ်ပေါ်နေပါတယ်။
ဒီလိုအချိန်မှာပဲရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်မှုထမ်းဥပဒေကို လည်ပတ်စေသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ တော်လှန်ရေးအဖွဲ့တွေကထုတ်ပြန်လာတယ်။ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ရှမ်း၊ကချင်နဲ့မွန်မှာ စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးတဲ့ ရပ်ရွာအုပ်ချုပ်ရေးမှုးတွေကို ပြင်းထန်စွာအရေးယူမယ်လို့ ကြေညာလိုက်တယ်။ ဒါ့အပြင် ရန်ကုန်နဲ့မန္တလေးမှာလဲ မြို့ပြပျောက်ကျားတွေရဲ့ သတိပေးချက်တွေ တပြိုင်နက်လိုလို ထွက်ပေါ်လာတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ကောင်စီရဲ့ အာဏာသက်ရောက်မှုတွေသိ ပ်မရှိတော့လို့ မစိုးရိမ်ရပေမယ့် ပြည်မကမြို့ကြီးတွေမှာတော့ မြို့ပြပျောက်ကျားအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ပြောတဲ့အတိုင်း သေချာအရေးယူနိုင်ဖို့ အရေးကြီးလာတယ်။