ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့မှာလဲ မြို့ကိုသိမ်းနိုင်ဖို့ စစ်ကောင်စီရဲ့ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့တယ်။ မြို့ကိုစတိုက်ကတည်းက မြို့ပေါ်ကရဲစခန်းကလက်နက်ချသွားပြီး မြို့ကိုထိန်းချုပ်ထားနိုင်နေတယ်။ မြို့ပြင်ကဗျူဟာကုန်းကိုရရှိဖို့ ဆက်လက်ကြိုးစားနေတယ်။ ဗျူဟာကုန်းကိုရရင်တော့ ဆွမ်ပရာဘွမ်မြို့ကိုရပြီလို့ပြောနိုင်တယ်။ ဆွမ်ပရာဘွမ်မြို့ဟာ မြစ်ကြီးနားပူတာအိုလမ်းပေါ်မှာတည်ရှိပြီး ထိုမြို့ကိုရရင် ကချင်ပြည်နယ်မြောက်ဖျား ရေခဲတောင်တွေရှိရာ ပူတာအိုမြို့ကိုပါ အလိုလိုဖြတ်တောက်ပြီးသားဖြစ်သွားမယ်။
ကရင်ပြည်နယ်ထဲမှာလဲ စစ်ကောင်စီတပ်ရင်းတချို့ကို သိမ်းပိုက်နိုင်ပြီး နောက်ဗျူဟာကုန်းတွေကို ဆက်လက်သိမ်းပိုက်လျက်ရှိတယ်။ ပီးခဲ့တဲ့ရက်တွေကပဲ ကြာအင်းဆိပ်ကြီးမြို့နယ်က ကျိုက်ဒုံဗျူဟာကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှုးအပါအဝင်အင်အား၆၀ခန့် လက်နက်ချအညံ့ခံခဲ့တယ်။ ထိုဗျူဟာကုန်းတွေကို KNUကလနဲ့ချီပြီး ရိက္ခာနဲ့စစ်ကူလမ်းကြောင်တွေကို ဖြတ်တောက်ပိတ်ဆို့ထားတာပါ။ အခု စစ်ရေးအရှိန်မြှင့်ချိန်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေလက်နက်ချခဲ့ရတယ်။