အမျိုးသားညီညွတ်ရေး အစိုးရ
- တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် စစ်ဘေးရှောင်ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ကို ဆေးကုသမှုပေးနေကြောင်း ထားဝယ် ပကဖ ဥသြဆေးအဖွဲ့က အသိပေး ထုတ်ပြန်သည်။
- အကြမ်းဖက် စစ်တပ်ကို တန်ပြန်ထိုးစစ်အရှိန်မြှင့်မည်ဖြစ်၍ အမှတ်(၈) ပြည်ထောင်စုလမ်းမ ရေးမြို့တောင်ပိုင်းကနေ ထားဝယ်ခရိုင်သရက်ချောင်းအထိ လမ်းပိုင်းကို သတ်မှတ်အချိန်သာ သွားလာခွင့်ပြုတော့မည်ဖြစ်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်သည်။
- အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့တွင်ရှိသည့် မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို မတ် ၃၁ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။
- စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမပေါ်ရှိ ချောင်းဦးနှင့် မြင်းမူမြို့နယ်များ၌ မတ်လအတွင်း ၁၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင် အမှတ်(၁၁) People’s Defence Force – South Monywa က ဧပြီ လ ၁ ရက် ယနေ့ ထုတ်ပြန်သည်။
- အာဏာသိမ်းစစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှု လုပ်ရပ်များနှင့် ပတ်သက်ပြီး တိုင်ကြား ၊စုံစမ်း၊အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာ ဝန်တောင်မှုစတင်လိုက်ပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ထားသည်။
- မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော ဆေးရုံနှင့် မန္တလေးဂိတ်ကို PDF တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး လဝကရုံးနှင့် ဆေးရုံ အတွင်းရှိ စစ်သားများ နေထိုင်ရာ အဆောက်အအုံအချို့ကို မီးရှို့ ရှင်းလင်းနိုင်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
- တနင်္သာရီတိုင်း၊ ထားဝယ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ စစ်ကောင်စီ ယာဉ်တန်းနှင့် တပ်ရင်း တပ်ဖွဲ့တို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မတ်လ ၃၁ ရက် နံနက်ပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
- ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် မြန်မာစစ်အာဏာရှင်ကို အမြစ်ဖြတ်တွန်းလှန်နေသည့် နွေဦး တော်လှန်ရေး ကို အောင်မြင်စွာ အမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက် မတ်လ ၃၁ ရက်နေ့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
- ဧရာဝတီတိုင်း ၊ ဖျာပုံအကျဥ်းထောင်၌ ပစ်ခတ်မှူဖြစ်ပွားပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား(၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသား များကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။
- မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦး နှင့် မြင်းမူမြို့နယ်များ၌ စစ်ကောင်စီတပ်အား ဒေသတွင်း PDFများက (၃)ရက်အတွင်း (၃)ကြိမ် တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းPDFများက ပြောသည်။
- စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ၁၁ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ စစ်ရှောင် ပြည်သူ ၈၀၀၀ ကျော် စားနပ် ရိက္ခာများ လိုအပ်နေကြောင်း Black Vote Fighter အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ကပြောသည်။
- စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ”တော်လှန်ရေးသွေးမအေး တောင်ပုသွေး ” သပိတ် စစ်ကြောင်းသည် ကျောင်းသားပြည်သူလူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စု၏ မတရားသည့် စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်းကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။
- ထားဝယ်အမြောက်တပ်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ (မတ်၃၁) မနက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ ခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ဗထူးတပ်မတော်(BHA)က ထုတ်ပြန်သည်။
- ဝက်လက်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီအဖွဲ့ဝင်ရဲဘော်များက ဦးဆောင်ပြီးကျောင်းသားပြည်သူလူထုကို စည်းရုံးစုစည်းကာ စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် ဆန္ဒပြပွဲ ပြုလုပ်ကာ နိုင်ငံရေးဟောပြော ပွဲကျင်း ပခဲ့ကြောင်းသိရသည်။
- ဘုတလင်မြို့နယ်တွင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး “စစ်သုံး စစ်ကို အမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” ဆိုသည့် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြောင်းသိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
- စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားကျူးလွန်သည့် စစ်ရာဇဝတ်မှုများကြောင့် တော်လှန် ရေးအရှိန်အဟုန် ရပ်တန့်သွားမှာမဟုတ်ကြောင်း မွန်ပြည် နယ်အခြေစိုက် တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ပြောကြားထားသည်။
- စစ်ကောင်စီတပ် အထိုင်ချထားသည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိပြီဖြစ်သည့် စိန်လုံတောင်ဗျူဟာကုန်း ကို KIA က ယမန်နေ့ မတ်လ ၃၁ ရက် ညက သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA စစ်ရေးရုံး တာဝန်ရှိသူ ထံက သိရသည်။
- ဒေသတွင်း တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် သွားကြသည့် ကျောင်း သူ၊ ကျောင်းသားများ ပညာဆက်လက် သင်ကြားနိုင်အောင် ကူညီထောက်ပံ့ရန် ကြိုးပမ်း နေ ကြောင်း ကြားကာလ ချင်းပြည်အစိုးရ ၊ ပညာရေးဝန်ကြီး ဆလိုင်း ခရော့စ်ထန်းက မဇ္ဈိမကို ပြောသည်။
- မတ်လ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်သား ၇၀ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်အသုံးပြုခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု-PKPF က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီ
- ရခိုင်ပြည်နယ် မြေပုံမြို့ ကမ်းထောင်ကြီးမြို့ရှိ ရခိုင်ကုန်း စက်လှေဆိပ်ကို စစ်ကောင်စီက လေကြောင်းမှ မီးလောင်ဗုံးကြဲချရာ စာသင်ကျောင်းတကျောင်းနှင့် လူနေအိမ် လေးလုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံက သိရသည်။
- စစ်ကောင်စီက လေကြာင်းမှဗုံးကြဲ တိုက်ခိုက်ခဲ့၍ မြန်မာ တရုတ်နယ်စပ် လွယ်ဂျယ်မြို့မှ တိမ်းရှောင်လာသည့် စစ်တပ်မိသားစုများ အပါအဝင် ၅ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
- လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ င် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း စစ်ကောင်စီ သတင်းများတွင်ဖော်ပြထားသည်။
- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ နှင့်စားသောက်ဖွယ်ရာများဂုဏ်ပြုပေးအပ်ပွဲကို တိုင်းစစ်ဌာနချုပ်၊ ပင်လုံရိပ်သာ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း စစ်ကောင်စီသတင်းတွင် ဖော်ပြထားသည်။
ဧပြီ ၁ သုံးသပ်ချက်
- တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမြှင့်တက်နေပြီး မွန်ပြည်နယ်ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံမှ စစ်ကောင်စီကို နေရာပေါင်းစုံမှ တိုက်ခိုက်လာသည့်အတွက် အကြမ်းဖက်စစ်တပ်၏ ထုံးစံအတိုင်း တော်လှန်ရေးအဖွဲ့များကို မနိုင်လျှင် ပြည်သူများ၏ နေအိမ်အဆောက်အဦး ရပ်ကွက်ကျေးရွာများကို ဖျက်ဆီးလေ့ရှိခြင်း ကြောင့် ယင်းဒေသမှ ပြည်သူများအနေဖြင့်လည်း စစ်ရေးသတင်းများကို နားစွင့်ကာ ဘေး လွတ်ရာကို ရှောင်တိမ်းရန် ပြင်ဆင်ထားသင့်သည်။
Source: Mizzima