မနေ့ညကျမြန်မာပြည်မှာလူသုံးအများဆုံးလူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ဖေ့ဘုတ်ဟာတစ်နာရီခန့်ပြတ်တောက်သွားတယ်။ထိုပြတ်တောက်မှုဟာတမ္ဘာလုံးမှာဖြစ်ပေါ်ခဲ့တာဖြစ်ပေမယ့်မြန်မာပြည်တော့စစ်ကောင်စီကလိုင်းဖြတ်လိုက်တာလားဆိုပြီးသို့လောသို့လောတွေဖြစ်ကုန်တယ်။တစ်နာရီခန့်ပဲဆိုပေမယ့်သောကတွေများကုန်တယ်။အဲ့ဒီအချိန်မှာတွေးမိတာတစ်ခုကဖေ့ဘုတ်ကြီးခြောက်လလောက်လိုင်းကျသွားကောင်းမှာပဲလို့ပေါ့။တကယ်တမ်းသာခြောက်လလောက်သုံးမရတော့ဘူးဆိုရင်တော်လှန်ရေးကြီးလဲအောင်သွားလောက်တယ်။တကယ်တော့လူအများစုဟာအွန်လိုင်းပေါ်မှာပဲတော်လှန်နေကြတာလေ။လိုင်ပေါ်မှာအချင်းအချင်းပွဲတွေဖြစ်ကြတယ်။
အပုတ်ချကြတယ်။ခြေထိုးကြတယ်။ဒါ့အပြင်လိုင်းပေါ်ကအရေးမပါတဲ့အကြောင်းအရာပေါင်းများစွာအပေါ်မှာသာယာနေပြီးမြန်မာပြည်ကြီးလောင်မီးကျနေတာကိုမသိသလိုနေနေကြတဲ့လူတန်းစားတွေလဲအများကြီးရှိနေတယ်။တကယ်တော်လှန်နေတဲ့သူတွေကလိုင်းပေါ်မှာရှိမနေပါဘူး။ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ပီးလုပ်နေကြတယ်။လိုင်းပေါ်မှာရှိနေတဲ့ဟိုယောင်ယောင်ဒီယောင်ယောင်လူတွေကြောင့်တော်လှန်ရေးအောင်မြင်ဖို့နှောင့်နှေးနေရတာပဲ။