ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များအတွင်းရှိ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ–၉) လက်အောက်ခံ တပ်ရင်း ၁၀ခုလုံး သိမ်းနိုင်ရေး ရက္ခိုင့်တပ်တော် (AA)က ထိုးစစ်ဆင်နေပါတယ်။ စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံတပ်ရင်း ၁၀ရင်းရှိရာ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် ရှိကြသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ တစ်ဝက်တစ်ပျက်သိမ်းပိုက်ရန်သာကျန်ရှိနေသေးသည့် ခမရတပ်ရင်းအချို့အားရက္ခိုင့်တပ်တော်မှအပြီးသတ်ရယူနိုင်ရေးအတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်။ AA အနေဖြင့် ပြီးခဲ့သည့် ရက်များအတွင်းက မြောက်ဦးအခြေစိုက် ခမရ(၅၄၀)တပ်ရင်း၊ မင်းပြားအခြေစိုက် ခမရ(၃၈၀)တပ်ရင်းနှင့် ကျောက်တော် အခြေစိုက် (၃၇၄)တပ်ရင်းတို့ကို သိမ်းပိုက်ထားတယ်။ရက္ခိုင့်တပ်တော်ဟာ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တစ်ခုမကျန် အပြီးသတ်သိမ်းပိုက်ရယူလိုက်ပြီးသည့်နောက်ပိုင်းတွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့များမှ စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများ၊ တပ်မဌာနချုပ်၊ အမြောက်တပ်စခန်းများနှင့် ရဲတပ်ရင်းဌာနချုပ်များကိုပါမဟာဗျူဟာမြောက်စွာတစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်။လောလောဆယ်တော့ရခိုင်ပြည်နယ်ထဲမှာပေါက်တောမြို့ကိုသိမ်းပြီးသွားပြီ။စစ်ရေးအရရက္ခိုင်ဒေသတစ်ခုလုံးကိုပြီးပြည့်စုံအောင်ထိန်းချုပ်ရယူနိုင်ရန်အတွက်ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမယ်လို့လဲAAစစ်သေနာပတိချုပ်ကအတိအလင်းပြောကြားထားတယ်။အခုဆက်လက်တိုက်ခိုက်နေတဲ့မြို့တွေကိုလဲအေအေကမကြာမီရရှိလိမ့်မယ်လို့ခန့်မှန်းရတာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


