နိုင်ငံရဲ့စီးပွားရေးကျဆင်းနေတာကြောင့်၂၀၂၃ခုနှစ်တစ်နှစ်တာအတွင်းရန်ကုန်တိုင်းမှာအထည်ချုပ်စက်ရုံအများအပြားပိတ်သိမ်းခဲ့ပါတယ်။စစ်အာဏာသိမ်းကာလမှာပြည်တွင်းမှာရှိကြတဲ့အထည်ချုပ်စက်ရုံတချို့ယာယီပိတ်သိမ်းတာနဲ့အပြီးသတ်ပိတ်သိမ်းတာတွေပေါင်းရင်၃၀ဝန်းကျင်ခဲ့ရှိတယ်လို့သိရတယ်။လက်ရှိကာလမှာတော့စက်ရုံပိတ်သိမ်းရင်အလုပ်သမားတွေကိုနစ်နာကြေးမပေးတာများတယ်။စစ်အာဏာသိမ်းထားတဲ့ကာလမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလဲဘယ်သူမှမဖြေရှင်းပေးကြတော့ဘူး။တချို့စက်ရုံတွေဆိုရင်လျော်ကြေးမပေးချင်တော့ယာယီအပိတ်ပြတယ်။ပြီးတော့နာမည်အသစ်နဲ့ပြန်ဖွင့်တယ်။အလုပ်သမားတွေကိုလဲအနိမ့်ဆုံးလုပ်ခလဟာထက်နည်းတဲ့ပမာဏကိုပဲပေးတယ်။အာဏာသိမ်းပြီးနောက်မှာအလုပ်သမားသမဂ္ဂတွေလဲထွက်ပြေးနေရတော့အလုပ်သမားအရေးတွေမလုပ်ပေးနိုင်တော့ဘူး။ဒါ့အပြင်တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့ကုန်အမှတ်တံဆိပ်တွေ၊စက်ရုံအလုပ်ရုံပိုင်ရှင်တွေနဲ့ဆိုရင်အလုပ်သမားတွေကကြုံသမျှလည်ဆင်းခံနေရပြီးဘာမှမတတ်သာတဲ့အခြေအနေကိုကြုံနေရတယ်။ဒီလိုအခြေအနေတွေကြောင့်အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်လာကြပြီးတချို့ကတော့ပြည်ပထွက်အလုပ်လုပ်ကိုင်ကြရတာတွေရှိသလိုတချို့ကလဲပြည်တွင်းမှာပဲရရာအလုပ်တွေလုပ်ကိုင်ပြီးနေကြရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


