လောက်ကိုင်မှာလက်နက်ချခဲ့တဲ့ဗိုလ်မှုးချုပ်ခြောက်ယောက်ကိုစစ်ကောင်စီကအရေးယူဖို့ဖမ်းဆီးထားတယ်လို့တပ်တွင်းသတင်းအရင်းအမြစ်အရသိရတယ်။သူတို့ခြောက်ယောက်ဟာလောက်ကိုင်ကနေဆုတ်ခွာလာပြီးလားရှိုးရောက်နေစဉ်မှာပဲစစ်ကောင်စီကအကျဉ်းချထားလိုက်တယ်လို့သိရတယ်။တပ်တွင်းပြိုကွဲအောင်လုပ်မှု၊အမိန့်မနာခံမှုစတဲ့အမှုတွေနဲ့အရေးယူမယ်လို့လဲကြားတယ်။ဒါကိုထိုဗိုလ်မှုးချုပ်ခြောက်ယောက်ကမကျေနပ်ကျဘူးတဲ့။သူတို့အကောင်းဆုံးဆုံးဖြတ်ပြီးလုပ်ခဲ့ပေမယ့်နောက်ဆုံးကျအရေးယူခံလိုက်ရတယ်လေ။တချို့ကတော့ထိုခြောက်ယောက်ဟာလောက်ကိုင်ကမထွက်ခွာခင်TLNAခေါင်းဆောင်တွေနဲ့တဝိုင်းထဲအရက်အတူသောက်ခဲ့တဲ့ပုံတွေကြောင့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစိတ်ဆိုးပြီးအရေးယူတာလို့သုံးသပ်ကြတယ်။စစ်တပ်အတွက်ကတော့သူတို့ကိုအရေးယူသည်ဖြစ်စေ၊မယူသည်ဖြစ်စေတပ်တွင်းညီညွတ်မှုကပြိုကွဲမှာပဲ။အရေးမယူရင်နောက်မှာသူတို့လမ်းစဉ်လိုက်ပြီးလက်နက်ချမယ်သူတွေတပုံကြီးရှိသလိုအရေးယူရင်လဲထိုခြောက်ဦးနဲ့အောက်လက်ငယ်သားအင်အား၂၀၀၀ကျော်ကကျေနပ်ကြမှာမဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်စစ်ကောင်စီအခက်တွေ့လေလေ၊တော်လှန်ရေးအတွက်ကောင်းလေလေလို့မှတ်ယူရမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


