ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမန်တုံမြို့ကိုTNLAကထပ်မံသိမ်းပိုက်လိုက်ပါတယ်။ စစ်ခေါင်းဆောင်တွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နမ့်ဆန်နှင့် မန်တုံမြို့တို့ဟာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်တယ်။ TNLA က နမ့်ဆန်ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ပြီး အလုံးစုံထိန်းချုပ်ထားပြီးအခု မန်တုံမြို့က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းကို TNLA ကအပြင်းအထန်ထိုးစစ်ဆင်ပြီးသိမ်းပိုက်လိုက်တာပါ။ မန်တုံမြို့ဟာ နမ့်ဆန်မြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာအဝေးတွင် ရှိပြီး အခုသိမ်းယူလိုက်သော တပ်စခန်းဟာနမ့်ဆန်မြို့မကျစေရေးပစ်ကူပေးခဲ့သောတပ်စခန်းဖြစ်တယ်။၁၀၂၇စစ်ဆင်ရေးအတွင်းဒီလထဲမှာMNDAAကစစ်ကောင်စီနဲ့ခဏတာအပစ်ရပ်ခဲ့ပေမယ့်TNLAကစစ်ကောင်စီကိုအပြင်းအထန်တိုက်ခိုက်နေပြီးရက်ပိုင်းအတွင်းမှာပဲနမ့်ဆန်၊နမ့်ခမ်းနဲ့အခုမန်တုံမြို့ကိုပါဆက်တိုက်သိမ်းယူလျက်ရှိတယ်။
ဒါ့အပြင်TNLAဟာစစ်ကောင်စီဘက်ကနောက်ထပ်အကောင်ကြီးကြီးတစ်ယောက်ကိုပါအရှင်ဖမ်းမိထားတယ်။နမ့်ဆန်မြို့နယ်အတွင်းတိုက်ပွဲတွေမှာပခုက္ကူမြို့အခြေစိုက်စစ်ကောင်စီ၏အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်တပ်မမှူးဗိုလ်မှူးချုပ်မင်းမင်းထွန်းဟာရှေ့တန်းမှဆုတ်ခွာထွက်ပြေးရင်းအဖမ်းခံလိုက်ရတယ်။ ထိုဗိုလ်မှူးချုပ်ဟာသူကွပ်ကဲနေသော ရှေ့တန်းရောက်တပ်ရင်းတပ်ဖွဲ့များအား အသိမပေးဘဲ ထွက်ပြေးသွားတာလို့သိရတာကြောင့်စစ်ကောင်စီတပ်တွေဘယ်လောက်တောင်တပ်ပျက်နေပြီလဲဆိုတာအထင်းသားမြင်နေရတယ်။ဒီတယောက်နဲ့ဆိုရင်တော့ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ ရက်ပေါင်း ၅၇ ရက်အတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်မမှူး ၁ ဦး၊ ဒုတပ်မမှူး ၁ ဦး၊ ဗျူဟာမှူး ၃ ဦး သေဆုံးခဲ့ပြီး တပ်မမှူး ၁ ဦးအား အရှင်ဖမ်းမိထားပြီး ဗိုလ်မှူးချုပ် အဆင့်သုံးယောက်အထိပါဝင်နေတယ်။