ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့ကိုတအာင်းတပ်မတော်(TNLA)ကတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင် တစ်ဦးကအတည်ပြုလိုက်ပါပြီ။TNLA အနေဖြင့် နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၁၀ရက်မှစတင်ခဲ့ရာတစ်ပတ်ခန့်အကြာတွင်မြို့ကိုအလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်။စစ်တပ်ကတော့အခုချိန်ထိ လေကြောင်းကနေ လိုက်ပစ်နေပါတယ်။ဒီဇင်ဘာ ၁၀ရက်မှစ၍ နမ့်ဆန်မြို့နယ် နမ့်ခေးရွာအနီး ကဒိုင်းဖူးတောင်တပ်စခန်းကို TNLAက စတင်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၁ရက်တွင် နမ့်ဆန်ရဲစခန်း၊ နမ့်ဆန် ကောင်းမှုဆိုင်တပ်စခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ထို့ပြင် နမ့်ဆန်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံတပ်စခန်းကိုလည်း ဒီဇင်ဘာ ၁၃ရက်ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ ထို့နောက် နောက်ဆုံးကျန်နေသည့် နမ့်ဆန် စစ်ကောင်စီဗျူဟာစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့ပြီးအခုတော့ စခန်းကို ရရှိခဲ့ပြီးမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်။စစ်ကောင်စီတပ်ဟာ နမ့်ဆန်ရှိ တပ်စခန်းများမကျဆုံးရေးအတွက်လေကြောင်း၊လက်နက်ကြီးပစ်ကူအကြိမ်ကြိမ်ရယူခဲ့သော်လည်း စခန်းများကိုလက်လွှတ်ခဲ့ရပြီးစစ်ကောင်စီတပ်များသေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှလေကြောင်းနှင့်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ဒေသခံသုံးဦးသေဆုံးပြီးနေအိမ်၃၀ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့TLNAကထုတ်ပြန်ထားတယ်။ဒါ့အပြင်မူဆယ်မြို့၁၀၅မိုင်ကုန်သွယ်ရေးစခန်းကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ပေါင်းပြီးတိုက်ခိုက်နေပါတယ်။မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဟာရှမ်းပြည်မြောက်ပိုင်းတရုတ်နယ်စပ်မှာအကြီးဆုံးမြို့ဖြစ်တဲ့မူဆယ်မြို့ခြိမ်းခြောက်နေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


