ရခိုင်ပြည်နယ်မှာလဲသတင်းတွေမထုတ်ပြန်ပေမယ့်အေအေတပ်တော်နဲ့စစ်တပ်တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။တိုက်ပွဲတွေအကြောင်းပြောရရင်ရှမ်းမြောက်မှာ၁၀၂၇စစ်ဆင်ရေးစတင်ပြီးမကြာမီမှာပဲအေအေကရခိုင်မှာတိုက်စစ်ပြန်ဖွင့်ခဲ့တယ်။ရခိုင်မှာတိုက်ပွဲတွေပြန်ဖြစ်ပြီးရက်ပိုင်းမှာပဲအေအေကစစ်ကောင်စီတပ်စခန်းလေးဆယ်ကျော်ကိုသိမ်းပိုက်လိုက်နိုင်တယ်။အဲ့ဒီနောက်အေအေကရခိုင်နဲ့ချင်းနယ်စပ်ပလက်ဝမြို့နယ်ရှိတရွန်အိုင်ဗျူဟာနဲ့နှုံးဘူးဗျူဟာစခန်းကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တယ်။ရက်နှစ်ဆယ်ကျော်အကြာအပြင်းအထန်တိုက်ခိုက်ပြီးနောက်ထိုဗျူဟာစခန်းနှစ်ခုလုံးအေအေကိုသိမ်းပိုက်လိုက်တယ်။ထိုစခန်းနှစ်ခုကိုရရှိလိုက်တာဟာပလက်ဝဒေသကအေအေကထိန်းချုပ်လိုက်တာဖြစ်ပြီးအေအေအတွက်ရှမ်းမြောက်ကအဖွဲ့တွေလိုထိန်းချုပ်ဒေသတစ်ခုရရှိဖို့ပိုမိုနီးစပ်လာတယ်။ဒီတိုင်းဆိုရင်ပလက်ဝမြို့ကိုလဲမကြာမီအေအေကသိမ်းပိုက်လိုက်လိမ့်မယ်။
ဒီတခေါက်ရခိုင်ပြည်နယ်မှာဖြစ်တဲ့စစ်ပွဲတွေဟာရခိုင်မြောက်ပိုင်းမှာသာမကပဲရခိုင်တောင်ပိုင်းအပါအဝင်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးပြန့်နှံလာခဲ့တယ်။အေအေကဒီနေ့ထုတ်ပြန်လိုက်တဲ့သတင်းအရစစ်ဆင်ရေးကာလအတွင်းရခိုင်ပြည်နယ်တစ်ခုလုံးမှာစစ်ကောင်စီတပ်စခန်းပေါင်း၁၄၂ခုအထိသိမ်းပိုက်ထားနိုင်တယ်။ဒါပေမယ့်အခုချိန်အထိတော့မြို့တွေကိုထိန်းချုပ်နိုင်ခြင်းတော့မရှိသေးပါဘူး။တဖက်မှာလဲစစ်ကောင်စီကရခိုင်ပြည်နယ်တစ်ခုလုံးကိုကုန်းလမ်းရောရေလမ်းပါပိတ်ဆို့ထားလို့ကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီးကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်။စစ်ကောင်စီဟာသူတို့ကိုတိုက်ခိုက်ရင်ရခိုင်ပြည်သူတွေစားဝတ်နေရေးဒုက္ခရောက်အောင်လုပ်မယ်ဆိုတဲ့ယုတ်မာတဲ့အကြံနဲ့ပိတ်ဆို့ထားတာပါ။ဒီတခေါက်တစ်ကျော့ပြန်ရခိုင်စစ်ပွဲတွေဟာဘယ်အခြေအနေအထိသွားမလဲဆိုတာခန့်မှန်းလို့တော့မရသေးပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


