အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအာဆီယံအထူးကိုယ်စားလှယ်ရုံးကမြန်မာ့အရေးသက်ဆိုင်သူအားလုံးနဲ့တရားဝင်တွေ့ဆုံနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်လိုက်တယ်။သ်က်ဆိုင်သူတွေလို့ဆိုရာမှာစစ်ကောင်စီ၊NUGနဲ့အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတချို့ပါပါဝင်တယ်လို့ပြောတယ်။အာဆီယံရုံးရဲ့ထုတ်ပြန်ပုံဟာထိုအဖွဲ့တွေအားလုံးစားပွဲဝိုင်းတစ်ခုထဲမှာတွေ့ဆုံနိုင်ခဲ့သလိုမျိုးထုတ်ပြန်ခဲ့ပေမယ့်တကယ်ကသက်ဆိုင်သူတစ်ဦးစီနဲ့သာသီးသန့်စီတွေ့ဆုံခဲ့တာဖြစ်တယ်။ဒါကိုမလိမ့်တပတ်နဲ့အားလုံးပါဝင်နိုင်ခဲ့တဲ့ပုံစံမျိုးသတင်းထုတ်ပြန်သွားတယ်။NUGကလဲစစ်ကောင်စီနဲ့မတွေ့ပါဘူးလို့ချက်ချင်းငြင်းချက်ထုတ်တယ်။ပြည်တွင်းမှာစစ်ရေးအရှိန်တက်နေချိန်မှာအာဆီယံကအလုပ်မဖြစ်တာတွေလာလုပ်နေပြန်ပြီ။အာဆီယံအနေနဲ့အခုချိန်ထိမြန်မာ့အရေးမှာဘာမှမစွမ်းဆောင်နိုင်သေးတာကြောင့်သိက္ခာဆယ်တဲ့အနေနဲ့အခုလိုမျိုးမလိမ့်တပတ်လုပ်နေတာပဲ။စစ်ကောင်စီကိုအပြုတ်ဖြုတ်နေချိန်မှာအားလုံးပါဝင်တဲ့ဆေွးနွေးပွဲဆိုတာမဖြစ်နိုင်တော့ပါဘူး။အာဆီယံကတော့အခုချိန်ထိကယောင်ကတန်းနဲ့စိတ်ကူးယဉ်နေဆဲပဲ။ဒီအချိန်မှာတတိယအဖွဲ့အစည်းတစ်ခုအနေနဲ့ဝင်ရောက်ညှိုနှိုင်းဖို့ကြိုးစားတာဟာစစ်ကောင်စီကိုအသက်ရှုပေါက်ပေးလိုက်တဲ့သဘောပဲ။အာဆီယံအနေနဲ့တော်လှန်ရေးကိုမကူညီချင်နေ၊မနှောက်ယှက်ဖို့လိုလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


