စစ်ကိုင်းတိုင်းကောလင်းမြို့ကိုNUGကသိမ်းပိုက်လိုက်ပီးနောက်ကောလင်းမြို့စီးပွားရေးဘဏ်ကငွေတွေကိုစာရင်းဇယားနဲ့တကွထိန်းသိမ်းထားကြောင်းကြေငြာလိုက်တယ်။ထိုသတင်းကြောင့်စစ်ကောင်စီဗဟိုဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေအလန့်တကြားဖြစ်ကုန်တယ်။တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကတချို့ဘဏ်တွေဆိုဘဏ်ဝန်ထမ်းတွေကိုနှစ်လစာကြိုတင်ထုတ်ပေးပြီးပိတ်သိမ်းနေကြတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကပုဂ္ဂလိကဘဏ်ခွဲတွေလဲပိတ်ထားရတယ်။စစ်ကောင်စီကတော့တချို့မြို့တွေကငွေတွေကိုရွှေ့ပြောင်းနေတယ်လို့သတင်းတွေထွက်နေတယ်။လက်ရှိအချိန်မှာမြို့သိမ်းတိုက်ပွဲတွေများလာပြီးဘဏ်တွေပိတ်မယ့်သတင်းတွေထွက်လာတာကြောင့်ပြည်သူတွေကဘဏ်ထဲကငွေတွေထုတ်ယူမှုများလာတယ်။ရန်ကုန်ကတချို့ဘဏ်တွေဆိုရင်လိုသလောက်ထုတ်လို့ရပါတယ်လို့အာမခံထားတဲ့စပယ်ရှယ်အကောင့်တွေတောင်ငွေလိုသလောက်မထုတ်ပေးနိုင်တော့ဘူး။ATMတွေမှာလဲအရင်လိုပြန်တန်းစီနေရပြီ။ထိုဂယက်ကြောင့်ရွှေဈေးနဲ့ဒေါ်လာဈေးတွေမြင့်တက်လာတယ်။ရွှေတကျပ်သား၃၈သိန်းနဲ့တဒေါ်လာ၃၈၀၀ကျပ်ကိုပြန်ရောက်လာပြီ။စစ်ပွဲရဲ့ဂယက်ဟာစီးပွားရေးကိုစတင်အကျိုးသက်ရောက်မှုရှိလာပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


