စစ်ကိုင်းတိုင်းမှာတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့ကောလင်းမြို့ကိုပြန်လည်တိုက်ခိုက်သိမ်းယူမယ်ဆိုပြီးကြုံးဝါးချီတက်လာတဲ့ကန့်ဘလူနယ်ကပျူစောထီးနဲ့စစ်သူပုန်အင်အား၂၀၀ခန့်ဟာလမ်းမှာတင်ကြားဖြတ်တိုက်ခိုက်ခံလိုက်ရလို့၈၀ကျော်သေဆုံးပြီးဖရိုဖရဲနဲ့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားရတယ်။ကန့်ဘလူနယ်ဟာပျူစောထီးအဖွဲ့တွေအားကောင်းတဲ့နယ်မြေဖြစ်တာကြောင်းစစ်သူပုန်တွေဟာပျူစောထီးတွေအားကိုးပြီးကောလင်းမြို့ကိုပြန်လည်ရယူဖို့ကြိုးစားခဲ့တာပါ။အခုလိုအရှုံးနဲ့ရင်ဆိုင်လိုက်ရတကြောင့်ကန့်ဘလူနယ်မှာအင်အားအချို့တော့လျော့နည်းသွားမှာပေါ့။ကောလင်းဝန်းကျင်မြို့တွေကိုတော်လှန်ရေးအဖွဲ့တွေသိမ်းပြီးသွားရင်တော့အလှည့်ကျလာမှာကကန့်ဘလူဒေသပါပဲ။
ဒါ့အပြင်စစ်ကိုင်းတိုင်းချင်းတွင်းမြစ်ထဲမှာစစ်ကောင်ရဲ့ရိက္ခာပို့တွဲသင်္ဘောသုံးစီးကိုဒေသခံတော်လှန်ရေးအဖွဲ့တွေသိမ်းဆည်းလိုက်နိုင်တယ်။ထိုသင်္ဘောတွေပေါ်မှာပါလာတဲ့ခိုးထုတ်လာတဲ့သစ်တွေနဲ့ဆီပေပါတစ်ရာကျော်ကိုလဲရရှိလိုက်တယ်။ဆီပေပါတွေကတော့ဖြတ်လေးဖြတ်အလုပ်ခံထားရတဲ့ထိုဒေသတွေအတွက်အတော်အသုံးဝင်လိမ့်မယ်။ချင်းတွင်းမြစ်ကိုစစ်ရေးအရအသုံးပြုပြီးသွားလာနေတဲ့စစ်တပ်သင်္ဘောတွေကိုတော်လှန်ရေးအဖွဲ့ရရင်ရသလိုတိုက်ခိုက်နေတာအရင်ကတည်းကပါ။ဒါပေမယ့်အခုလိုမျိုးသင်္ဘောတွေအစီးလိုက်သိမ်းဆည်းလိုက်နိုင်တာဒါပထမဆုံးအကြိမ်ပဲ။တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ရည်ခိုက်ရည်ဟာတဆင့်ခြင်းဆီတိုးတက်လာနေတယ်လို့ပြောရမယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...