မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားဘုရားပွဲစတင်ကျင်းပမည့် သီးတင်းကျွတ်လပြည့်နေ့ နီးကပ်လာသည့်အတွက် ကျိုက်ထီးရိုးဘုရားတောင်ပေါ်နှင့် တောင်တက်ကားဂိတ်ရှိ ဈေးဆိုင်များကို မဖွင့်မနေရ ဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးခိုင်းစေနေပြီး ဈေးဆိုင်များ၊ တောင်တက် ကားများကို မဖွင့်မနေရ၊ မလာမနေရဟုဆိုကာခေါ်ယူမှုများရှိနေကြောင်းသိရတယ်။ဈေးဆိုင်တွေဆိုနှစ်ဆိုင်ရှိတယ်ဆိုရင် တစ်ဆိုင်ကပိတ်ပြီး နောက်တစ်ဆိုင်ပဲ ဖွင့်မယ်ဆိုလဲအခွန်ကနှစ်ဆိုင်စာပေးရမယ်တဲ့။လူလာနည်းတာကြောင့် တစ်ဆိုင်ပိတ်ရင်တောင်အခွန်က နှစ်ဆိုင်စာပေးရတာ။တောင်တက်ကားပိုင်ရှင်တွေကိုလည်းအဲ့ဒီလိုပဲ ပြောထားတယ်။ ပုံမှန်ဆိုရင်တော့ ဒီအချိန်ကစည်နေပါပြီ။ အခုက ဘုရားပေါ်သွားတာဆိုလို့ ဒေသခံ ဈေးသည်တွေနဲ့ တစ်ရက်ကို ကားက နှစ်စီး၊ သုံးစီးလောက်ပဲ တောင်ပေါ်တက်တယ်။
စစ်ကောင်စီဟာဈေးဆိုင်တွေကျတော့ဖွင့်ခိုင်းနေပြီး ကျိုက်ထီရိုးဘုရားသို့ ဘုရားဖူး လာရောက်မည့် ခရီးသွားပြည်သူများကို တောင်တက်ကားဂိတ်နှင့် ဘုရားရင်ပြင်တော်အတက်လှေကားနေရာများတွင် မှတ်ပုံတင်၊ နေရပ်လိပ်စာများကို တင်းကျပ်စွာ စစ်ဆေးမှုများပြုလုပ်နေတယ်။ “ဘုရားဂေါပကနဲ့ စစ်ကောင်စီဘက်က အခုလိုဖိအားပေးနေပေမယ့် ဒေသခံတွေကတော့ စိုးရိမ်နေကြတယ်။ တော်လှန်ရေးဘက်ကလဲ ဒီပွင့်လင်းရာသီမှာ သတိနဲ့နေကြဖို့ ပြောထားတယိ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကင်းမွန်းချောင်းရဲစခန်းမှာ တိုက်ပွဲ ဖြစ်သွားတော့ တော်တော်လေးကိုလန့်နေကြတယ်။ ပြီးခဲ့ရက်ကကျိုက်ထိုရိုးတောင် ခြေကျေးရွာ တစ်ခုဖြစ်သည့် ကင်းမွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်မှုများရှိခဲ့သည့်အပြင် ဒေသခံများလည်း ထိခိုက်ခဲ့တယ်။